part (42)

8.2K 600 30
                                    

ရုံးခန်းထဲ၌ တိတ်ဆိတ်နေသည်မှာ ထူးဆန်းလွန်းလှသည်လေ ။
တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းအကြည့်တို့ဖြင့် ကြည့်နေကြမိသည်မှာ ကျောချမ်းစရာပင်။

"အန်တီ သွေး ဘာကိစ္စရှိလို့လည်း..." ထိုလူနှစ်ယောက်၏ အကြည့်တွေကိုရုတ်သိမ်းစေသောအလို့ဌာ ဆူး စကားဝင်ခံလိုက်လေသည်။

သွေး၏ အကြည့်တို့သည် ဆူး အပေါ်သို့သက်ရောက်လာခဲ့လေသည်။
"အော် အန်တီက ဒီနေ့ အစည်းအဝေးရှိတယ်ဆိုလို့လေ..အဲဒါကြောင့်လာတာ...ဆူးကိုမေးတော့ ရုံးခန်းထဲမှာဆိုလို့ လိုက်လာခဲ့တာပါ..." သွေး စကားကိုဟန်မပျက်ထိန်းကာဆိုလိုက်လေသည်။
သူမ စိတ်ထဲ ရုတ်တရက် မြူ့ ကိုမြင်လိုက်ရတော့ ဆူး နှင့်ဝေးကွာသလိုခံစားလိုက်ရပေသည်။ တကယ်တော့ ဘယ်တုံးကမှမနီးကပ်ခဲ့တာကိုတော့သတိမမူခဲ့ပေ ။

"အော် ဟုတ်တယ်...အစောက အစည်းအဝေးလုပ်နေတာပါ...ပြီးမှ အန်တီ ရောက်လာလို့လေ..." ဆူး သွေးရှေ့တင် ပင် မြူ့ ရဲ့လက်ကလေးကိုဆုတ်ကိုင်ရင်း မြူ့ အားကြည့်ကာ ပြုံးရွှင်နေသော မျက်ဝန်းတို့ဖြင့် ဆိုလာလေသည်။

ဆူး အပြုံးတို့အား မြူမတုံ့ပြန်မိပေ ။ အဘယ်အကြောင်းကြောင့် သူမ ပြုံးရွှင်နေရပါမည်နည်း။သူမ တို့ ကို တိတ်တဆိတ်အကဲခပ်နေသည်ပင်။

"ဒါနဲ့ ကျွန်မတစ်ခုလောက်မေးခွင့်ရှိမလား..." မြူ့ ၏ အလျော့မတင်းအသံလေးသည် ထွက်ပေါ်လာလေသည်။ မြူ့ အကြည့်ရဲရဲတို့သည် မျက်နှာချင်းဆိုင် ဆိုဖာမှ သွေးဆီသို့သာ ဦးတည်ထားမြဲ ။ အတန်ကြာအောင်တိတ်ဆိတ်သွားလေသည်။မြူ အား သွေး နားမလည်စွာကြည့်လိုက်မိလေသည်။

"ကျွန်မကိုမေးမှာလား..."

"အွန်း ဒီက အမကိုပါ..." မြူ့တို့အသက်အတူတူမျှသာရှိပါလိမ့်မည် ။

"အန်တီ ဘာမေးမလို့လည်း..." မြူ့ အား စကားဝင်ကာဟန်တားလိုက်သော ဆူး ကို တစ်ချက်မျှကြည့်ရင်း ။
"ဆူး အန်တီ့ကို အောက်ထပ်ကားပါကင်က ကားထဲမှာ ပစ္စည်းတစ်ခုကျန်ခဲ့လို့သွားယူပေးပါ့လား..."

"ဟမ်...ဘာပစ္စည်းလည်း အန်တီ "

"သွားပါ..."

"အော် ဟုတ်ကဲ့...ဆူး အခုသွားယူပေးရမှာလား..."

အန်တီ [ Complete ]Onde histórias criam vida. Descubra agora