Part (21)

8K 599 14
                                    

ဟန်ဆု ၏ ‌တက်ကြွသောခြေလှမ်းတို့သည် အစည်းအဝေးခန်းရှိရာသို့ ဦးတည်လာခဲ့လေသည်။ သူမလက်ထဲ၌ ကိုင်ထားသော စာရွက်တို့သည် သူမ ၏ ဘဝ အိမ်မက်တို့ကိုပုံဖော်ပေးတော့မည် မဟုတ်ပါလား ။ ဒီကမ္ဘာမှာ အပျော်ဆုံးသူဆိုရင် သူမသာဖြစ်ပေလိမ့်မည်။

ဟန်ဆု ၏ ရှေ့မှ အစည်းအဝေးတံခါးကိုဖွင့်ပေးလာသော ဆူး ကိုပင် ဟန်ဆု ကျေနပ်စွာပြုံးပြလိုက်လေသည်။ ဟန်ဆု တစ်ယောက် ထိုအခြေအနေကိုပင် ကျေနပ်နေခဲ့သည်လေ။

အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ဟန်ဆု အခန်းထဲရောက်တော့ အားလုံး ၏ အကြည့်များသည် ဟန်ဆု ဆီသို့ဦးတည်လာချေသည်။ ထိုအကြည့်တို့ထဲ ၌ စူးစူးရဲရဲအကြည့်တစ်စုံနှင့် အကြည့်ချင်းဆုံလိုက်ရသည်။ ဟန်ဆု ရင်ဘတ်တစ်ခုလုံးသိမ့်သိမ့်တုန်သွားလေသည်။ တစ်ခုခုကို ကြောက်လန့်စွာ ခြေလှမ်းတို့သည် နေရာတင် တုံ့ကနဲရပ်သွားလေသည်။

" တို့ တွေထပ်တွေ့ကြပြီနော်..." ဟန်ဆု အား အသံနေအသံထားဖြင့် အေးဆေးစွာဆိုလာသော သူမှာ...

" ဖြောင်း ဖြောင်း သိပ်တော်ပါပေတယ်..." လက်ခုပ်ကိုအသံမည်အောင်ခပ်အုပ်အုပ်တီးရင်း ထိုင်ခုံ၌ ကျော့မောစွာထိုင်နေသော အမျိုးသမီးတစ်ယောက်...ထိုသူကား အခြားမဟုတ် ဒေါ်မြူခိုးတိမ်လွှာပင် ဖြစ်လေသည်။

"မင်း မင်း..." ဒေါ်ဟန်ဆု ၏ အသံတို့သည် တုန်ရီနေလေသည်။ "မင်း ဘယ်လိုလုပ်ဒီနေရာကိုရောက်လာရတာလည်း..." ဆူး ဟန်ဆု နားသို့ လျှောက်သွားရင်း ‌ဒေါ်ဟန်ဆု လက်ထဲမှ စာချုပ်ကို ဆွဲယူလိုက်လေသည်။ ဒေါ်ဟန်ဆု တစ်ယောက် ‌ဆူး အပြူအမူအတွက် ရှောင်ချိန်ပင်မရခဲ့ပေ ။

ဆူး က စာချုပ်ကို အားလုံးရှေ့ ၌ ထက်ဝက်ဖြဲရင်း "ဥက္ကဌလည်း ပြန်လာပြီဆိုတော့ ယာယီ ဥက္ကဌ လည်း မလိုတော့ဘူးပေါ့လေ နှော..."ဆူး ထိုစာရွက်တို့အား ဟန်ဆု ရှေ့၌ဖြန့်ချဲကာ လွှင့်ပစ်လိုက်လေသည်။

" ဆူး ခက်သွယ် မင်းလူယုတ်မာ...တောက်..."မြူ့ အားမကျေနပ်သော ဟန်ဆု ၏ လက်တို့သည် ဆူး ပါးပြင်ပေါ်သို့ ဦးတည်လာလေသည်။
"ဆူး ကို မင်းထိစရာမလိုဘူး..."မြူ ၏ ဒေါသရိပ်တို့ဖုံးလွှမ်းနေ‌သော မျက်ဝန်းတို့သည် ဆူး ရှေ့မှကာကာ ဟန်ဆု ၏ လက်တို့ကို ကျစ်ကျစ်ပါအောင်ဖမ်းဆုတ်ထားလိုက်လေသည်။

အန်တီ [ Complete ]Donde viven las historias. Descúbrelo ahora