part (27)

10.3K 645 13
                                    

အဝါဖျော့ရောင်ဂျိတ်ထမိန်လေးကိုဝတ်ဆင်ထားပြီး ယဉ်ကျေးသိမ်မွေ့စွာ အပြုံးတို့ပိုင်ရှင် သတိုးသမီးလေး ။
ဆူး မြူ့ အား ကြည့်ရင်း ပြုံးမိရလေသည်။ ထိုအမျိုးသမီးလေးကိုပိုင်ဆိုင်ခွင့်ရခဲ့တာ ဆူး အတွက်တော့ဘုရားပေးတဲ့ဆုလာဒ်တစ်ခုပင်ဖြစ်လေသည်။

"ဘာတွေအဲ့လောက်ကြည့်နေတာ.. " မြူ ဆူး အား မေးလေးဆပ်ပြရင်း တိုးတိုးလေးဆိုလာသည်။

"ဆူး ရဲ့ သတိုးသမီးလေးက လှလွန်းလို့ ကြည့်မိတာပါ..." ဆူး မြူ့ အား ပြုံးကာဆိုလာတော့ မြူ ပင် ကျေနပ်စွာပြုံးလိုက်မိလေသည်။

ဧည့်သည်တွေနဲ့ ပြည့်နေတဲ့ ဘုန်းကြီးကျောင်းထဲက ကျောင်းဆောင်ကြီးထဲမှာ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရဲ့ မဂ်လာဆွမ်းကျွေးပွဲလေ ။ အသိသက်သေတွေဖြင့် လက်မှတ်ထိုးပြီး မြူတို့ မဂ်လာ‌ဆွမ်းကပ်ကြခြင်းဖြစ်‌လေသည်။

"အခုလို ဆူး နဲ့အတူတူ ကုသိုလ်လုပ်ရတဲ့အကျိုးကြောင့် ဆူး အချစ်တွေအကုန် မြူ တစ်ယောက်သာ အမြဲပိုင်ဆိုင်ရပါစေနော်..."

"ဆူး အချစ်တွေအကုန်လုံးက ဟောဒီက မြူလေးအတွက် ပါပဲနော်..." ဆူး မြူ့ ရဲ့ မေးလေးကိုခပ်ဖွဖွလေးကိုင်ရင်း ဆိုလိုက်လေသည်။

"အခုလိုရေစက်ချအမျှပေးဝေကာ ကုသိုလ်ပြုရသောအကျိုးအားကြောင့် ဤ စုံတွဲသည် ယခု အချိန်မှစ၍ အေးအတူ၊ ပူအမျှ အခက်အခဲတိုင်းကို ကျော်လွှားနိုင်၍ လိုအပ်သမျှအားလုံးကိုလည်းတောင်းတမိတိုင်းရပါစေ  အခက်အခဲတိုင်းကိုလည်းကျော်ဖြတ်နိုင်ကြပါ‌‌စေ ...."

"ကဲကဲ ရေစက်ချ အမျှဝေမယ်..အဲလိုမှကုသိုလ်အကျိုးအထ‌မြောက်အောင်လို့..."
ဆူး တို့ နှစ်ယောက် ရေစက်ခွက်လေးကိုယ်စီကိုင်ရင်း ဘုန်းဘုန်း ပေးသောတရားကိုနာခဲ့ကြလေသည်။ ဆူး ရဲ့လက်ကလေးသည် မြူ့ လက်က‌လေးအားတင်းကျပ်စွာဆုတ်ကိုင်ထားလေသည်။ နွေးထွေးသောအပြုအမူလေးတို့၌ ဆူး လက်တို့ဆုတ်ကိုင်ရသောအချိန်တို့သည် မြူ့ အတွက်တော့ အားအင်တို့ပြည့်နေသလိုပင်ခံစားရလေသည်။

ဆူး တို့ရဲ့ မဂ်လာဆွမ်းကျွေးပွဲလေး အောင်အောင်မြင်မြင်နဲ့ပြီးသွားလေသည်။

အန်တီ [ Complete ]Where stories live. Discover now