part (25)

8.9K 631 22
                                    

"ဟီး စောင့်ရတာကြာသွားလား..." ဆူး တစ်‌ယောက်စပ်ဖြီးဖြီးမျက်နှာလေးဖြင့် မမော်တို့ရှိတဲ့ စားပွဲဝိုင်းသို့လျှောက်လာရင်းဆိုလိုက်လေသည်။

မမော်က ဆူး အား မျက်စောင်းလေးထိုးရင်း "နောက်မကျဖို့မှာတာလည်း သူပဲ အခုနောက်ကျတာလည်းသူပဲ ကဲဆိုစမ်းပါအုံး အပြင်မှာတွေ့ဖို့ချိန်းရလောက်အောင်ထိ အရေးကြီးကိစ္စရှိတယ်ဆိုတော့..."

"မမ ဆူး နောက်ကျတယ်နော်..."နှင်းတစ်ယောက်မမော်ကိုထောက်ခံစွာဖြင့် ဆူး အား စကားနာထိုးလိုက်လေသည်။

"အွန်း ဟုတ်တယ် နှင်းရဲ့ ဒါနဲ့‌ပြောမယ် ဒီလို..." ဆူး စားပွဲပေါ်မှရေတစ်ခွက်ကိုမော့သောက်ရင်း ပြောလိုက်လေသည်။နှင်းတစ်ယောက်ကတော့ ဘာမှမဆိုသာ ဘေးနားမှနေ ဆူး ကိုသာထိုင်ကြည့်နေလေသည်။

"ဒါက မမော်အတွက် ဒါက နှင်းအတွက် ပြီးတော့ ဒါက ကိုယ့်ညီမလေးတွေအတွက်.... "
ဆူး ဖိတ်စာ စာအိတ်လေးတွေကိုတစ်အိတ်ဆီ လက်ထဲသို့ထည့်ပေးလိုက်သည်။

"အဲဒါဘာတွေလည်း...ဆူး မွေးနေ့လား"

"ဖွင့်ကြည့်လေ ...ဟီး ..." မမော်တစ်ယောက် ဆူး ပေးသော စာအိတ်လေးကိုဖွင့်ကြည့်လိုက်သည်။

"ဆူး ဒါကတကယ်ကြီးလား..."

"ဟုတ်..."

မမော်တင်မက အနားရှိလူတွေအကုန်အံ့ဩနေကြလေသည်။ သူတို့လက်ထဲရောက်လာသော အရာမှာ မဂ်လာဆောင်ဖိတ်စာဖြစ်နေခြင်းကြောင့်ပင် ။

"မမ ဆူး တကယ်ကြီးလား..."

"ဟုတ်ပါတယ်ဆို မယုံကြဘူးလား ဒီအပတ် စနေနေ့မှာပဲ မြူ နဲ့ ဆူး မဂ်လာဆောင်မှာပါ..."

"အယ်လယ့် မြူ တဲ့လား.. ဘယ်တုံးက အဲ့အခွင့်အရေးထိရသွားတာလည်း..."မမော် ဆူး အား အမှန်တကယ်မယုံနိုင်သေးပါ ။ အန်တီနဲ့ ဆူး တို့ဆက်ဆံရေးကိုသိနေပေမဲ့ အခုလိုကြီးထိဖြစ်သွားလိမ့်မည်လို့ ထင်ပင်မထားပေ ။

"Wow မထင်ရဘူးဟေ့ မမဆူးတို့က တယ်လက်သွက်တာပဲ..." ဆူး ဘေးနားမှ ကောင်မလေးတွေကဝိုင်းပြီးစတော့ ဆူး တစ်ယောက် ရှက်ကာ ခေါင်းကြီးငုံ့ထားမိလေသည်။

အန်တီ [ Complete ]Donde viven las historias. Descúbrelo ahora