Part (45) The End

28.8K 926 51
                                        

"သွေး ...သွေးလိုနေတယ်...လူနာကသွေးလိုနေပါတယ်" ခွဲစိတ်ခန်းထဲမှ သူနာပြုဆရာမလေးအပြေးအလွှားထွက်လာရင်း ဆို‌လိုက်လေသည်။

‌ဆူး မှာ ပျာယာခပ်ရချေပြီ။ "ဆရာမ လူနာအခြေအနေဘယ်လိုရှိလည်းမသိဘူး..." ရှုပ်ရှက်ခပ်နေတဲ့ ဆရာဝန်တွေနောက်မှပြေးလိုက်ရင်း အမောတကော ဆူး မေးရချေပြီ။

"အခြေအနေကတော့ အတိအကျပြောလို့ မရသေးပါဘူး..." မြူ ရှိနေသော ထိုအခန်းထဲ၌ လူနာကိုကယ်ဖို့ ဆရာဝန်တွေပျာယာနေလေသည်။ ဆူး ရော ဆူး မှာလည်း ရသမျှဘုရားစာတွေကိုရွတ်ယုံမှအပဘာများတက်နိုင်ပါမည်လည်း။ ဆူး ရဲ့ အကျီတို့မှာလည်း မြူ့ သွေးတို့စွန်းလျှက်။

"ဆူး...သမီးမြူရော.."အန်တီ့သတင်းကြားလို့ အပြေးအလွှားရောက်လာခဲ့သော ဒေါ်ဝင်းသည်ပင် စိုးရိမ်မှုအား ဟန်ဆောင် မထိန်းနိုင်ပေ။

"ဒေါ်ဝင်းရယ် အခုထိ အန်တီကလေ operation room ထဲမှာ ရှိနေတုံးပဲ..." ဆူး မှာ ဒေါ်ဝင်းအား အားကိုးရာ လူအနေဖြင့်သာ ဆိုရချေသည်။
ဆူး ရင်တွေလည်းပူလောင်နေချေပြီ။

"လူနာရဲ့အုပ်ထိန်းသူကဘယ်သူလည်းမသိဘူးဗျ..."နာရီပိုင်းကြာအောင် ခက်ခဲရုန်းကန်ပြီးတော့ အခြေအနေမှာတည်ငြိမ်သွားချေပြီ။

"ဟုတ် ကျွန်မပါ ...လူနာအခြေအနေဘယ်လိုရှိလည်း ဆရာ.."

"ဟုတ် အခုတော့ အသက်အန္တရယ်ကစိုးရိမ်စရာမရှိတော့ပါဘူး...ဒါပေမဲ့..." ထိုဆရာဝန်သည်တစ်စုံတစ်ရာကိုပြောဖို့တွန့်ဆုတ်နေလေသည်။

"ဆရာရယ် ဘာဖြစ်လို့ပါလည်း.."

"လာပါ လိုက်ခဲ့ပါ အထူးဆောင်ထဲပြောင်းထားတာပါ အခြေအနေကတော့ စောင့်ကြည့်ရအုံးမှာပါ.."

"အမ ဒီမှာလက်မှတ်ထိုးပါ..." ဆူး အား စာရွက်အပိုင်းအစ တစ်ချို့အား လက်မှတ်ထိုးခိုင်းသောသူနာပြု၏ စကားကိုလည်းကြားတစ်ချက် မကြားတစ်ချက်ဖြင့်သာ။မြူ့ ကိုတွေ့ရဖို့သာစိတ်စောနေလေသည်။

"အမ..ဒီမှာ..."

"အော် ဟုတ်ကဲ့...ထိုးပြီးပြီရှင့်"

"ဟုတ် လူနာက အထူးဆောင်အခန်းနံပါတ် ၇ ထဲမှာပါ....." ဆူး ထိုသူနာပြုလေး ညွှန်ပြသော အဆောင်ဘက်သို့ အပြေးထွက်လာခဲ့လေသည်။

အန်တီ [ Complete ]Hikayelerin yaşadığı yer. Şimdi keşfedin