part (8)

10.6K 698 67
                                    

"‌ဒေါက်....ဒေါက်..."ဆူး မြူ့အခန်းတံခါးကို နှစ်ချက်မျှခေါက်လိုက်လေသည်...

"ဝင်ခဲ့ပါ..."
အခန်းတွင်းမှ အန်တီ့ တုံ့ပြန်သံကြောင့် ဆူး တံခါးလော့ခ် ဘုသီးကိုလှည့်ဖွင့်ကာ အခန်းတွင်းသို့ ဝင်လာလိုက်လေသည်...

"လာ...ဆူး...ထိုင်..."မြူ သည် မှန်တင်ခုံရှေ့၌ ထိုင်လျှက်...ပါးပြင်ပေါ်သို့ မိတ်ကပ်အချို့အားချယ်သနေလေသည်...

"အန်တီ အလုပ်သွားမလို့လား..."ဆူး မြူ့ ရဲ့ ဘေး ကုတင်လေးပေါ်၌ ဝင်ထိုင်ရင်း ဆိုလိုက်လေသည်...

"အွန်းလေ..ဆူး ရဲ့.."မြူ တည်ငြိမ်အေးဆေးစွာပြန်လည်ဖြေကြားလိုက်လေသည်..

"မသွားပါနဲ့လား အန်တီရယ်...နေလည်းသိပ်ကောင်းတာမဟုတ်ပဲနဲ့..."ဆူး မြူ့၏ မနေ့ကပုံရိပ်တို့ကိုပြန်လည်မြင်ယောင်ရင်း စိုးရိမ်ကြီးစွာဆိုလိုက်လေသည်...

"ဘာမှမဖြစ်ပါဘူးကွယ်..."မြူ ဆူး ဘက်လှည့်ကာ ဆူး ခေါင်းလေးကိုပုတ်ရင်း ချိုမြသော အပြုံးလေးဖြင့်ဆိုလိုက်ပြီး နှုတ်ခမ်းနီခပ်ရဲရဲကို ဖြူဖျော့‌ဖျော့နှုတ်ခမ်းပါးတို့အပေါ်၌ ကျနစွာချယ်သနေမိသည်...

"အန်တီ ..."

"ဟင်..."မြူ နှုတ်ခမ်းနီဆိုးနေရက်မှ မေးလေးဆက်ပြရင်း ဆူး အခေါ်ကို ထူးလိုက်လေသည်...

"အန်တီ ဆေးသောက်ပြီးပြီလား..."

"အော်..သိပ်မစိုးရိမ်ပါနဲ့..ဘာမှမဖြစ်ပါဘူးဆို ဒီကလေးနှယ်..."မြူ နှူတ်ခမ်းနီတောင့်လေးအား ပြန်ပိတ်ပြီး ဆူး ရှေ့မှထဖို့ဟန်ပြင်လိုက်လေသည်...မြူ ဆူး နှင့်ထိုအကြောင်းကိုမဆွေးနွှေးချင်ပါ...

ဆူး မြူ့ ရဲ့လက်ကိုလှမ်းကာဆွဲလိုက်လေသည်...
"အန်တီ ဆူး ကိုဘာလို့ရှောင်နေတာလည်း..."ဆူး အမေးကြောင့် မြူ့ လှမ်းလက်စ ခြေလှမ်း တို့ရပ်တန့်သွားလေသည်...

"အန်တီ ဆူး ကို မရှောင်ပါဘူး ကွယ်..."မြူ ဆူးရဲ့ ပါးပြင်လေးကိုမထိတထိယုယစွာကိုင်ရင်း ဆိုလိုက်လေသည်...

ဆူး ပါးပြင်ပေါ်မှ အန်တီလက်တို့သည်...တဆက်ဆက်ဖြင့် တုန်ရီနေလေသည်...
"အန်တီ "ဆူး နှင့်မြူတို့အကြည့်ချင်းဆုံလျှက်သာ

အန်တီ [ Complete ]Where stories live. Discover now