part (37)

7.5K 567 35
                                    

"မမဆူး...ဟိုရှေ့ကခြံထင်တယ်..." ဆူး ရဲ့အတွင်းရေးမှူးမလေးက ကားကိုလိမ့်ရုံမျှဖြေးဖြေးမောင်းရင်း ကားနောက်ခန်းမှ ဆူး အား လှည့်ကာမေးလိုက်လေသည်။

"အွန်း သူပြောပုံအရဆို နေရာကတော့ဒီနေရာပဲ..." ဆူး ကတော့ ဖုန်းတစ်လုံးဖြင့် တည်နေရာကိုရှာရင်းအလုပ်ရှုပ်နေလေရဲ့။
ထိုခြံရှေ့၌ ကားအဖြူလေးတစ်စီးရပ်ထားလေသည်။

ဆူးတို့ကားလေးသည် ကားလမ်းမဘေး မြေကွက်လပ်တစ်ခုရှေ့၌ရပ်တန့်သွားလေသည်။
"ဒါဆို ခဏနေခဲ့အုံး မမပဲဆင်းသွားလိုက်မယ်..."

"ဟုတ်ကဲ့မမ..." ဆူး ကားလေးထဲမှ ဆင်းပြီးထိုနေရာသို့ တစ်လှမ်းနှစ်လှမ်းမျှလျှောက်လာခဲ့သည်။ မြေနေရာသည် အတော်ကလေးပင်ကျယ်သည်။ ကားလမ်းမဘေးဟုသာဆိုသည် သိပ်မကြာခင်စည်ကားလာမဲ့နေရာသာဖြစ်မည်မှာတော့မလွဲချော်နိုင်ပါပေ ။ ပတ်ဝန်းကျင်၌ ကျိုးတို့ကျဲတဲဆိုင်ခန်းလေးတွေပင်စည်ကားနေသည်လေ။

ဘေးပတ်ဝန်းကျင်မှာလည်း အိမ်ခြေလေးတွေတော့ရှိနှင့်နေလေသည်။ သို့ပေသိ ထိုမြေကွက်လပ်လောက်တော့ကျယ်ဝန်းမှုမရှိပေ ။

ဆူး တစ်ယောက် အပြင်ဘက်မှခြံစည်းရိုးတံခါးအားဖွင့်ဝင်လိုက်လေသည်။

"ဝုတ်..ဝုတ်..." ဆူး ခြံထဲသို့အဝင်၌ အသံနက်ကြီးဖြင့် စူးစူးဝါးဝါး ဟောင်နေသောခွေးကြောင့် ခြေလှမ်းတို့သည် တံခါးနား၌ တုံ့ရပ်သွားလေသည်။

"ဝုတ်...ဝုတ်..." ခွေးသည်နှစ်ကောင်ဖြစ်ဟန်တူသည်  အသဲအသန်ဟောက်နေကြသည့်တိုင်ပြေးကာထွက်ကိုက်ဖို့တော့ ခွန်အား‌တို့မရှိကြပေ။ သံကြိုးဖြင့်ချည်နှောင်ခံထားရခြင်းကြောင့်ပဲမာန်ဖီနေကြသည့်အလား ။

"ဟဲ့...မဟောင်ကြနဲ့..." ခြံဝင်းထဲမှ သခင့် အသံတစ်ခုကြောင့်ဖြစ်မည်။ ချက်ချင်းဆိုသလိုတိတ်သွားလေသည်။

ဆူး လည်း ခြံထဲထိဝင်လာခဲ့လေသည်။
ခြံဝင်း‌ထောင့် အပင်ကြီးတစ်ပင်အောက်မှ ခုံတန်းလေးပေါ်ထိုင်နေသောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရလေသည်။

"လာလေ ဆူး...အန်တီ မင်းကိုစောင့်နေတာ..."ရင်းနှီစွာနှုတ်ဆက်လာသော အမျိုးသမီးမှာ ဒေါ်သွေးသစ္စာလှိုင်ပင်ဖြစ်လေသည်။

အန်တီ [ Complete ]Tempat cerita menjadi hidup. Temukan sekarang