"အစတုန်းကတော့ချစ်ခဲ့ကြတယ်မလား"
အရက်ဝိုင်းရဲ့ရီဝေဝေစကားလုံးတွေကြားမှာ
သူမအကြောင်းကိုတစ်ခါမှမပြောဖူးပါ။
စိတ်မထင်လျှင်မထင်သလိုပစ်မှားတက်ကြသည့်
သူ့သူငယ်ချင်းတွေကိုသူကြောက်တာကြောင့်ဖြစ်သည်။" မင်းပဲ မေနဒီမရှိရင်
မရှင်သန်နိုင်ပါဘူးဆို"စကားလုံးတွေဟာ နှစ်သိမ့်အားပေးရာမရောက်ပဲ
အနာကိုလာဆွနေတာမို့ သူခပ်ဖွဖွကျိန်ဆဲလိုက်သည်။
ရှေ့မှာထောင်ထားတဲ့ ဝီစကီပုလင်းဟာ
အရက်ရဲ့တန်ခိုးကြောင့် မျက်လုံးထဲမှာ
၂ ထပ် ၃ ထပ်ဖြစ်နေသည်။အရက်ကြောင့်လား တော့မသိ
တစ်ခါမှ မကျဖူးတဲ့မျက်ရည်တွေဟာ
ဒီညမှာ မှလာကျနေရသလားကိုယ့်ကို မချစ်တဲ့မိန်းမအတွက်နဲ့
သွေးအေးလွန်းတဲ့မိန်းမအတွက်နဲ့
အသုံးချဖို့သက်သက်နဲ့ ဝင်လာခဲ့တဲ့ မိန်းမအတွက်နဲ့"ငါ ဒီမိန်းမကိုကွာရှင်းတော့မယ်"
သူ့အသံဟာ နာနာကြည်းကြည်းသာ
" အခု သူ့ကို မုန်းတာပဲ သိတယ်ကွာ
သူနဲ့ မဝေးရရင်ငါသေသွားလိမ့်မယ်"ဆိုဖာပေါ်မှီရင်း ငိုချင်းချနေသော သူငယ်ချင်းကြီးကို ဘယ်လိုအားပေးရမလဲမသိကြတော့ပါ။
" ကွာလိုက်မှ မင်းအဆင်ပြေမယ်ဆိုရင်
ကွာလိုက်ပေါ့ကွာ
ငါတို့မေနဒီလေးတော့သနားပါတယ်"
သနားရမှာသူ့ကိုမဟုတ်ဘူးလားသူငယ်ချင်းအရင်းကြီးတွေကပါ
သူ့ထက်မေနဒီကိုသနားနေတယ်တဲ့သနားမှာပေါ့ သူက သိပ်ဟန်ဆောင်ကောင်းတဲ့မိန်းမ
သူကလွဲရင်တစ်လောကလုံးကို ကြင်နာတက်တဲ့မိန်းမကိုတိုက်တိုက်ဆိုင်ဆိုင် bar မှာဖွင့်ထားတဲ့ သီချင်းက
အဲ့ဒီ့မိန်းမသိပ်ကြိုက်တဲ့ Can't falling in love with you ဒီသီချင်းကိုသိပ်ကြိုက်လို့ wedding song မှာတောင်ထားဖို့ ပျော်ရွှင်ရယ်မောရင်း ပြောနေခဲ့တဲ့ သူမရဲ့မျက်နှာကိုပြေးမြင်မိသေး
YOU ARE READING
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️