Episode 11

11.3K 438 44
                                    

ဖြူဖက်ဖက်မျက်နှာလေးနဲ့ နဒီဟာ
အရင်ထက်ပင်မျက်နှာလေးချောင်ကျနေသလိုပင်

အိပ်မောကျနေခဲ့တဲ့ နဒီ့လက်လေးတွေကိုသူခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်။

နဖူးပြင်ကိုခပ်ဖွဖွခိုးနမ်းလိုက်တော့
နဒီ့ရဲ့မျက်လုံးလေးတွေဟာလူးလွန့်လာသည်။

နီတာရဲကာသေးလွန်းလှတဲ့ သမီးလေးကိုတော့
သူလုံးဝမချီရဲခဲ့ပါ

ပုခက်ထဲမှသမီးလေးကိုငုံ့မိုးကြည့်ကာ

​လက်သေးသေးလေးတွေကိုအသည်းတယားယားနဲ့ထိတွေ့ကြည့်ရုံတာတက်နိုင်သည်။

"သမီးလေးက နဒီနဲ့တူတဲ့မျက်လုံးလေးတွေရှိတာပဲ
ကိုယ်နဲ့သာတူရင် မျက်စိမှေးမှေးလေးဖြစ်နေမှာ"

မှေးစင်းနေတဲ့မျက်လုံးတွေကိုဖွင့်ကာ

နဒီဟာ သူ့ကိုမယုံနိုင်တဲ့မျက်နှာနဲ့ငေးကြည့်နေခဲ့တယ်

" ခွန်... ဘယ်လိုရောက်လာတာလဲ"

ပါးစပ်ကပြောရင်း သူကိုင်ထားခဲ့တဲ့
လက်တွေကို နဒီဟာမသိမသာရုန်းသည်။

" ကိုတောင်းပန်ပါတယ်နဒီ"

မျက်နှာညိုးညိုးနဲ့ ခွန်ဟာ
အနည်းငယ်ပိန်သွားကာ ရင့်ကျက်သောအသွင်မို့
ပိုလို့ပင်ကြည့်ကောင်းနေခဲ့သည်။

" သမီးလေးတဲ့နဒီရဲ့ .... ကို့မှာသမီးလေးရှိနေပြီ
အရာအားလုံးကိုပိုင်ဆိုင်သွားခဲ့သလိုပဲ"

ခွန်ဟာဝမ်းသာအားရပြောပေမဲ့ နဒီကတော့ပြုံးရုံသာပြုံးသည်။

" ကို အရာအားလုံးကိုတောင်းပန်ပါတယ်နဒီရယ်"

" ခွန်စကားကိုလွယ်လွယ်ပြောရက်တယ်နော်
လွယ်လွယ်လေးထားခဲ့နိုင်သလို
လွယ်လွယ်လေးနဒီ့ဆီပြန်လာချင်တာလား"

နဒီ့စကားကြောင့် ပြုံးရယ်နေသော ခွန့်မျက်နှာဟာ တမဟုတ်ချင်းပြောင်းလဲသွားသည်။

" သမီးကိုတော့ ခွန်တွေ့လို့ရပါတယ်
နဒီနဲ့ဘာမှမဆိုင်တော့ဘူးဆိုပေမဲ့"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Où les histoires vivent. Découvrez maintenant