Episode 20

9.4K 349 60
                                    

" ခြေထောက်ကတော်တော်လေးထိသွားတာပဲ
အနာကျက်ရင်တောင် အတော်လေးအနားယူရမယ်"

ဆရာဝန်ပြောတဲ့စကားကိုနဒီဟာမျက်နှာလေးရှုံ့တွလျက်နားထောင်နေခဲ့သည်။

" အမာရွတ်ကအကြီးကြီးကျန်နေမှာလားဆရာ"
နဂိုမှ အလှအပကြိုက်သူပီပီ နဒီဟာ သူ့ခြေထောက်သူပင်မကြည့်ချင်ပါ။

" အမာရွတ်ကတော့ လေဆာနဲ့ဖျောက်လို့ရသလို
တခြားနည်းလမ်းတွေလည်းရှိတာဆိုတော့ စိတ်မပူပါနဲ့"

ဆရာဝန်ဟာရယ်မောမောနဲ့အားပေးနေပေမဲ့
နဒီတော့မပျော်နိုင်ခဲ့....

အရာအားလုံးထက် ၁ လ လောက်တော့
ဒုက္ခိတကြီးလိုနေရမှာစိတ်ညစ်မိသည်။

အိမ်ကလည်းဘယ်လောက်တောင်လောင်ကျွမ်းသွားလဲမသိပါ။

ခခလေးအဝတ်တွေ
နဒီ့အဝတ်တွေ

နောက်ပြီး နှမြောဆုံးက ခခလေးရဲ့ ဓာတ်ပုံ album လေးတွေပဲဖြစ်သည်။

​နေကောင်းလာပေမဲ့ လူနာလာကြည့်တဲ့သူတွေကတော့ တဖွဲဖွဲပင်

အခုလည်းကိုကျော်စွာတို့လင်မယားနဲ့ အတူ
ကိုရဲခေါင်တို့အတွဲပါ အခန်းထဲရောက်နေတာမို့
ခွန်အပါအဝင်လူနာစောင့် အုပ်စုကြီးဟာအတော်လေး
တောင့်နေခဲ့သည်။

ဒါတောင်စောနကတင် ရှင်ပိုးနဲ့ကိုတေဇတို့ ပြန်သွားတာမို့လူချောင်သွားခြင်းဖြစ်​၏။

အခန်းထဲကို သစ်သီးခြင်းနဲ့ဝင်လာတဲ့ လူတစ်ယောက်ကြောင့်
အားလုံးရဲ့မျက်လုံးတွေဟာထိုလူ့ထံရောက်သွားကြသည်။

အားလုံးထဲတွင် စူးစူးရဲရဲကြည့်နေသူမှာတော့ခွန်ဖြစ်သည်။

" နဒီသက်သာပြီလား"

ကိုကောင်းဆက် ဟာနဒီ့ကုတင်တဲ့အနီးဆုံးနေရာထိ
တိုးကပ်ကာထိုင်နေတာမို့
ခွန်ဟာဆူပုပ်ကာခါးထောက်ကြည့်နေတော့​၏။

" ဟုတ် ကိုကောင်းဆက်သွေး
အလုပ်ကတော့ခွင့်ယူရတော့မယ်ထင်တယ်"

" ရပါတယ်နဒီရယ်
မသေကောင်းမပျောက်ကောင်း
အသက်ရှင်နေပေးတာနဲ့ တင်ကျေးဇူးတင်ပါတယ်"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now