Episode 1

41.7K 754 36
                                    

"အစတုန်းကတော့ချစ်ခဲ့ကြတယ်မလား"

အရက်ဝိုင်းရဲ့ရီဝေဝေစကားလုံးတွေကြားမှာ

သူမအကြောင်းကိုတစ်ခါမှမပြောဖူးပါ။

စိတ်မထင်လျှင်မထင်သလိုပစ်မှားတက်ကြသည့်
သူ့သူငယ်ချင်းတွေကိုသူကြောက်တာကြောင့်ဖြစ်သည်။

" မင်းပဲ မေနဒီမရှိရင်
မရှင်သန်နိုင်ပါဘူးဆို"

စကားလုံးတွေဟာ နှစ်သိမ့်အားပေးရာမရောက်ပဲ

အနာကိုလာဆွနေတာမို့ သူခပ်ဖွဖွကျိန်ဆဲလိုက်သည်။

ရှေ့မှာထောင်ထားတဲ့ ဝီစကီပုလင်းဟာ
အရက်ရဲ့တန်ခိုးကြောင့် မျက်လုံးထဲမှာ
၂ ထပ် ၃ ထပ်ဖြစ်နေသည်။

အရက်ကြောင့်လား တော့မသိ
တစ်ခါမှ မကျဖူးတဲ့မျက်ရည်တွေဟာ
ဒီညမှာ မှလာကျနေရသလား

ကိုယ့်ကို မချစ်တဲ့မိန်းမအတွက်နဲ့
သွေးအေးလွန်းတဲ့မိန်းမအတွက်နဲ့
အသုံးချဖို့သက်သက်နဲ့ ဝင်လာခဲ့တဲ့ မိန်းမအတွက်နဲ့

"ငါ ဒီမိန်းမကိုကွာရှင်းတော့မယ်"

သူ့အသံဟာ နာနာကြည်းကြည်းသာ

" အခု သူ့ကို မုန်းတာပဲ သိတယ်ကွာ
သူနဲ့ မဝေးရရင်ငါသေသွားလိမ့်မယ်"

ဆိုဖာပေါ်မှီရင်း ငိုချင်းချနေသော သူငယ်ချင်းကြီးကို ဘယ်လိုအားပေးရမလဲမသိကြတော့ပါ။

" ကွာလိုက်မှ မင်းအဆင်ပြေမယ်ဆိုရင်
ကွာလိုက်ပေါ့ကွာ
ငါတို့မေနဒီလေးတော့သနားပါတယ်"
သနားရမှာသူ့ကိုမဟုတ်ဘူးလား

သူငယ်ချင်းအရင်းကြီးတွေကပါ
​သူ့ထက်မေနဒီကိုသနားနေတယ်တဲ့

သနားမှာပေါ့ သူက သိပ်ဟန်ဆောင်ကောင်းတဲ့မိန်းမ
သူကလွဲရင်တစ်လောကလုံးကို ကြင်နာတက်တဲ့မိန်းမကို

တိုက်တိုက်ဆိုင်ဆိုင် bar မှာဖွင့်ထားတဲ့ သီချင်းက
အဲ့ဒီ့မိန်းမသိပ်ကြိုက်တဲ့ Can't falling in love with you ဒီသီချင်းကိုသိပ်ကြိုက်လို့ wedding song မှာတောင်ထားဖို့ ပျော်ရွှင်ရယ်မောရင်း ပြောနေခဲ့တဲ့ သူမရဲ့မျက်နှာကိုပြေးမြင်မိသေး

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now