Episode 13

11.6K 424 56
                                    


" သားသား ရက် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့
ပွဲလေးလုပ်မလားလို့
နဒီ့ဆိုင်တို့ပြင်ဦးလွင်ဆိုင်လေးကို တစ်ရက်စာငှားမယ်နော်"

ရှင်ပိုးဟာ ခွန်နဲ့နဒီ့ကို တစ်အိမ်ထဲမှာပြန်တွေ့ရတော့
မိုးသားကင်းတဲ့ကောင်းကင်လို ကြည်ကြည်လင်လင်ပြန်ဖြစ်သွားခဲ့သည်။

" အဲ့ဒီ့ဆိုင်က နဒီပြန်ရောင်းလိုက်ပြီ ရှင်ပိုးရဲ့"

နဒီပြောတော့ ရှင်ပိုးရဲ့မျက်နှာလေးဟာ
ကလေးလေးလိုညိုးသွားခဲ့သည်။

ရှင်ပိုးမျက်နှာညိုးတော့ ဘေးက
ကိုတေဇကြီးကမနေနိုင်မထိုင်နိုင်ဝင်ပြောတော့သည်။

" နဒီ ဘယ်သူ့ကိုရောင်းလိုက်တာလဲ
ပေတလူးက အဲ့ဒီ့ဆိုင်မှ အဲ့ဒီဆိုင်ဖြစ်နေလို့ "

" ကိုကိုနော် လူရှေ့သူရှေ့ပေတလူးမခေါ်ပါနဲဆို"

နှစ်ယောက်သားချွဲပြစ်နေတာကိုမြင်နေကြ
နဒီက ဘာမှမဖြစ်ပေမဲ့

ခွန်ကတော့ သူတို့နှစ်ယောက်ကို
ရယ်ချင်ပက်ကျိမျက်နှာနဲ့ အောင့်နေခဲ့သည်။

" ဆိုင်က ကျွန်တော်ပြန်ဝယ်ထားတာကိုတေဇရဲ့"

ခွန့်အပြောကြောင့် ထိုလင်မယားနှစ်ယောက်ဟာ
ချက်ချင်းပင်မျက်နှာဟာဝင်းပသွားခဲ့ကြသည်။

" ခွန်ဘယ်တုန်းကဝယ်ထားတာလဲ"

"ငစိုင်းကကိုယ်တို့ကြားမှာ 20% စားသွားတာ"

သူဘယ်အချိန်ကသွားဝယ်ထားမှန်းတောင်နဒီတကယ်ကိုမသိခဲ့ပါ.....

ခွန်ဟာလောဘသိပ်မကြီးပဲ သက်တောင့်သက်သာကျော့ကျော့လေးနေတက်တဲ့သူမို့

အလုပ်လုပ်ရင်တောင် သက်တောင့်သက်သာပိုက်ဆံဝင်သည့် coffee ဆိုင်စားသောက်ဆိုင်နဲ့ hotel အလုပ်မျိုးကိုသာရင်းနှီးမြှုပ်နှံလေ့ရှိသည်။

" ကျွန်တော်လည်း ပြင်ဦးလွင်မှာ hotel တစ်လုံးလောက်ဆောက်ချင်တာ ဒါပေမဲ့ Mr Puk
လို အနုပညာမျက်စိမရှိဘူးဗျ
ကျွန်တော်ဆောက်ရင် သရဲခြောက်တဲ့
ရဲတိုက်ကြီးဖြစ်သွားမှာ"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Kde žijí příběhy. Začni objevovat