ခွန့်အိမ်ရှေ့ခြံတံခါးဝမှာ
နဒီဟာအချိန်ကြာမြင့်စွာရပ်နေခဲ့မိသည်။လက်ထဲမှာကိုင်ထားတဲ့ ထမင်းချိုင့်ကိုအသာအယာချထားရင်း ဘဲလ်ခလုပ်ကိုနှိပ်လိုက်သည်။
မဲမှောင်နေတဲ့ အိမ်ထဲမှာဘာသံမှမကြားရအောင်တိတ်ဆိတ်နေသည်။
ဘဲလ်တီးတာတော်တော်ကြာတဲ့ထိ
ခွန်ဟာထွက်မလာတာမို့ နဒီအတော်လေးစိတ်ပူမိသည်။
" တော်တော်များနေမကောင်းဖြစ်နေတာလား"
ပါးစပ်ကရေရွတ်ပြီး
ဘဲလ်ကိုဆက်တိုက်နှိပ်ကြည့်သည်။
" လာပြီ
လာပြီ... ဘယ်လိုဖြစ်နေတာလဲ"ပူပြင်းတဲ့ မန္တလေးနေ့လည်ခင်းမှာ Hoodie ခေါင်းစွပ်ကိုခေါင်းအထိဆွဲခြုံထားကာ Mask ပါ ၂ ထပ်အုပ်ထားတာကြောင့်
သူ့အခြေအနေကိုနဒီ ရိပ်မိလိုက်သည်။" ခွန်...သက်သာလားဟင်"
နဒီမေးနေပေမဲ့ မဖြေပဲ
ခွန်ဟာ အထပ်ထပ်ကာထားတဲ့ သူ့ရဲ့ ခြံတံခါးကို
ခဲရာခဲဆစ်ဖွင့်နေခဲ့သည်။" ဘာလို့လာတာလဲ ကူးကုန်မယ် "
" မကူးပါဘူးနဒီက vaccine ထိုးထားတယ်"
" ဘယ်တုန်းကထိုးထားတာလဲ"
" ကိုကောင်းဆက်အကူအညီနဲ့ထိုးလိုက်တာ"
ကိုကောင်းဆက်ဆိုတဲ့နာမည်ကြောင့် သူ တွန့်ခနဲဖြစ်သွားသည်။
" ခုတလော ကိုကောင်းဆက်ဆိုတဲ့လူရဲ့နာမည်ကိုတော်တော်ပြောတယ်နော်
ခခလေးအတွက်ဖေဖေအသစ်ရှာမလို့လား"" ခွန်... စကားပြောတာတရားမလွန်နဲ့နော်"
ဒေါသနဲ့အတူ ဆူအောင့်အောင့်ပြောရင်း
ခွန့်ကိုကျော်ကာနဒီဟာ မီးဖိုထဲတန်းဝင်သွားခဲ့သည်။အမှိုက်ပုံးထဲမှာ ခေါက်ဆွဲဘူးခွံတွေသာတွေ့သောကြောင့် ခွန်ဟာခေါက်ဆွဲကလွဲပြီးဘာမှစားထားသည့်ပုံမပေါ်ပါ။
YOU ARE READING
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️