Episode 23

9K 338 48
                                    


" ပုဇွန်လေး ပုဇွန်လေး အား.. အား"

လက်လက်ဆက်ဆက်ပုဇွန်ကိုကင်ကာ
အခွံခွာပြီး ပါးစပ်ထဲလာထည့်ပေးတာမို့
နဒီအရသာခံကာစားလိုက်သည်။

တူးနံ့သင်းသင်းလေးနဲ့
နူးညံ့လက်ဆက်တဲ့ပုဇွန်ရဲ့အရသာနဲ့အတူ
သံပုရာနံ့သင်းနေသော sauce ဟာအစပ်ဟပ်တည့်လွန်းတာမို့ ပါးစပ်ထဲမှာအတော်ပင်အရသာတွေ့လှသည်။

ခွန်ကတော့ တစ်ယောက်တည်းမီးမွှေးလိုက်
ပုဇွန်ကင်လိုက်
ပုဇွန်ခွာလိုက်နဲ့အလုပ်ရှုပ်နေခဲ့သည်။

"တကယ်ဆိုဝယ်စားလို့ရနေတာကို
အပင်ပန်းခံနေသေးတယ်ခွန်ရယ်"

" လက်ဆက်မှုကမတူဘူးလေခခမေမေရဲ့
ဒါကကိုကိုယ်တိုင်
ဟိုးဘက်အစွန်ကငါးဖမ်းလှေတွေဆီကသွားဝယ်လာတာ"

" ဘယ်တုန်းကလဲသိတောင်မသိလိုက်ဘူး"

" နဒီရေချိုးနေတုန်းက"

" ငယ်ငယ်က အဖေဆို ကမ်းခြေမှာ မီးပုံပြီးပုဇွန်ကင်ကျွေးနေကျ
အဖေကင်တဲ့ ပုဇွန်ကင်လောက်ကောင်းတဲ့အရသာရှိတာ ကမ္ဘာမှာမရှိသလိုပဲ"

ပြောပြောဆိုဆိုပင် ခွန်ဟာ  နဒီ့ပါးစပ်ထဲကို
အခွံခွာပြီးသားပုဇွန်တစ်ကောင်ကိုထပ်ခွံ့လိုက်သည်။

" အင်းဟုတ်တယ်
နဒီလည်း ခွန်အခုကင်ကျွေးတဲ့ ပုဇွန်ကင်လောက်ကောင်းတာမတွေ့ဖူးသေးဘူး"

ပလုပ်ပလောင်းစားနေသောနဒီဟာ
ဒူးလေးတွေကျုံ့ကာထိုင်ရင်း
ချစ်စရာကောင်းအောင်သူ့ကိုရယ်ပြနေခဲ့သည်။

"ခွန့်ဟာ နည်းနည်းတော့ over ဖြစ်နေသလားလို့
ကျွန်မဆီကဘာလိုချင်တာရှိလို့လဲ"

ပေစောင်းစောင်းမျက်လုံးလေးနဲ့နဒီကြည့်မေးတော့
ခွန်ဟာနဒီ့ကိုအတန်ကြာသည်ထိငေးစိုက်ကြည့်နေတော့သည်။

ထင်းမီးပုံကမီးရောင်ဟာ ခွန့်မျက်နှာမှာအရောင်ဟပ်နေကာမျက်လုံးတွေဟာကြည်လင်စူးရှနေခဲ့​၏

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Место, где живут истории. Откройте их для себя