Episode 10

11.5K 413 25
                                    

မျက်လုံးတွေလူးလွန့်လာကာ

ပါးစပ်က ကယောင်ကတမ်း ပြောနေတာမို့

Anong သက်ပြင်းချမိသည်။

" Nalta .... Nalta"

သူမအသာအယာလှုပ်နိုးကြည့်တော့ 
Nalta ဟာမျက်လုံးတွေအသာအယာဖွင့်ကြည့်သည်။

" ငါသူ့ကိုသေချာမြင်လိုက်တယ် နွမ်
သူငါ့ဆီလာသွားတာပဲ"

သတိရရချင်းမှာပဲပြောလိုက်တဲ့
Nalta စကားကြောင့်
နွမ်ရင်ထဲမှာတော့တမျိုးဖြစ်သွားမိသည်။

"နင်အနားယူဖို့လိုနေပြီ"

နှဖူးပြင်ကိုစမ်းကြည့်တော့ ခြစ်ခြစ်တောက်ပူနေဆဲ

ပေတေနေလိုက်တာ Nalta ရယ်

ကိုယ့်ကိုယ်ကိုယ်နေကောင်းလား

နေမကောင်းလားတောင်မသိဘူးလား

သူမမှတ်မိသလောက် Nalta ဟာကျောင်းကတည်းက အေးအေးဆေးဆေးနေတက်သလို
မိန်းမကိစ္စနဲ့ပတ်သက်ပြီးဘာအသံမှသိပ်မထွက်ခဲ့သူဖြစ်သည်။

သူ့ကိုကျိတ်ကြွေရသောမိန်းကလေးတွေပင်
သူ့ကိုရှိန်ကြတာမို့အနားသိပ်မကပ်ရဲခဲ့ကြပါ။

စိမ်းကားရက်စက်ပြီး
သွေးအေးအေးရှိခဲ့သည့်လူတစ်ယောက်မှာ
ဒီလိုချစ်တက်တဲ့ အသည်းနှလုံးရှိမည်ဟုမထင်ခဲ့ပါ။

ဂရုဏာဒေါသနဲ့အတူငေးစိုက်နေရင်း

သူ့လက်ထဲက IV catheter ထဲကို

ဆေးတစ်လုံးထပ်ထိုးပေးလိုက်သည်။

" နင်ပြောသလိုပဲ
ငါ့ကိုမျှော်လင့်ချက်ထားဆိုတာလေ
ငါအခုသိပြီနွမ်
ငါ့ရဲ့မျှော်လင့်ချက်ကမိသားစုပဲ
ငါ့ရဲ့မျှော်လင့်ချက်ကနဒီပဲ"

ဆေးထိုးနေပေမဲ့သူ့ပုံစံကနာကျင်နေတဲ့ပုံမပေါ် မျက်နှာကြက်ကိုငေးစိုက်ကာပြောနေပုံက
ဆုံးဖြတ်ချက်တွေခိုင်မာနေခဲ့ပုံဖြစ်သည်။

" အသေအချာသိသွားပြီဆိုရင်
နင့်မျှော်လင့်ချက်ကိုပြန်အကောင်အထည်ဖော်ပေါ့
တစ်ယောက်တည်းခံစားရမဲ့လမ်းကိုမရွေးနဲ့လေ
စိတ်ဒဏ်ရာဆိုတာကိုယ်ကိုယ်တိုင်ကမခံယူရင်
ဘယ်သူမှလာမပေးနိုင်ဘူး
ပျော်ရွှင်မှုဆိုတာကိုယ်တိုင်ရှာဖွေယူရတာ"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now