မီးပူပေါ်ကိုတင်လိုက်တော့ အသားလုံးတွေဟာ
"ရှဲခနဲ" မြည်သွားတော့ အသားကင်နံ့ခပ်သင်းသင်းကထွက်လာခဲ့သည်။သို့ပေမဲ့ ပျို့အန်ချင်တဲ့စိတ်ကဘယ်လိုမှထိန်းမရခဲ့တာမို့အိမ်သာထဲကိုပြေးဝင်ကာအန်ရတော့သည်။
အရင်လို ဟင်းချက်ဖို့ဆိုတာဘယ်လိုမှအဆင်မပြေတော့ မီးဖိုပေါ်က ပန်းကန်ကို သိမ်းပြီးတော့
ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲကာ
မျက်နှာကြက်ကိုငေးစိုက်ကြည့်မိတယ်မျက်နှာကြက်မှာဘာများရှိလို့ငေးနေရတာလဲဆိုပြီး
အရင်က သူမဘေးမှာ မျက်နှာကြက်ကိုငေးစိုက်နေဖူးတဲ့Darling ကိုမေးကြည့်ဖူးတယ်သူကတော့ ပြောတယ်.....
" ဗလာနတ္ထိခံစားချက်ကိုရချင်လို့တဲ့"
အခု နဒီလည်းအဲ့လိုခံစားချက်ပဲရချင်မိတယ်ဒီတစ်ကြိမ်တော့
ကလေးလေးကိုရအောင်မွေးမှာပါ Darling
Darling ပြန်မလာတော့ရင်တောင်မှပေါ့သိပ်ရင်နာစရာကောင်းတာပဲ.....
တစ်စုံတစ်ယောက်က ချစ်ဖို့ကြိုးစားနေတဲ့အချိန်မှာ
တစ်စုံတစ်ယောက်ကမေ့ပစ်ဖို့ ကြိုးစားနေခဲ့တာ
အချိန်ကိုက်မဖြစ်ခဲ့ကြရုံပါ Darlingရယ်နောက်ဆုံးသူနဲ့သွားခဲ့တဲ့ခရီးစဉ်ကိုတော့
စိတ်ထဲမှာသတိရမိသေးတယ်" ရေခဲတောင်တွေက ရှက်တက်တယ်တဲ့ နဒီရဲ့
အမြဲတိမ်တွေနောက်မှာပုန်းနေတာ
ကံကောင်းတဲ့သူတွေပဲတွေ့ခွင့်ရတာတဲ့"လက်ဖဝါးတွေကိုခပ်ဖွဖွဆုပ်ကိုင်တာထက်
Darling ဟာ နွေးအောင် လုပ်ပေးနေခဲ့သည်။အဝေးမှာမြင်နေရတဲ့ ရေခဲတောင်ဟာ ခပ်ပြပြဆိုပေမဲ့ နဒီပျော်နေခဲ့သည်။
" ကိုတို့ ပူတာအို baby လေးယူကြမလား"
ရှင်ပိုးတို့ မင်္ဂလာဆောင်မှအပြန်
၂ ယောက်သား ပူတာအိုသို့ခရီးဆက်လာခဲ့ခြင်းဖြစ်သည်။နဖူးပြင်ကို ခပ်ဖွဖွနမ်းတော့
နှုတ်ခမ်းတွေဟာရာသီဥတုကြောင့်အေးစက်နေခဲ့သည်။
YOU ARE READING
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️