Episode 15

9.3K 329 16
                                    

"ငါတို့လူသားတွေကအရာတစ်ခုကို အချိန်နှစ်ချိန်မှာတန်ဖိုးထားကြတယ်တဲ့
အဲ့ဒါ မရခင်အချိန်နဲ့ ဆုံးရှုံးပြီးချိန်တဲ့
မင်းက မေနဒီကိုမရခင်ကလည်းသေမလိုဖြစ်ပြတယ်
အခုသူ့ဟာနဲ့သူရပ်တည်ဖို့ကြိုးစားပြန်တော့လည်း
သေမလိုပဲပြန်လိုချင်ပြန်တယ်
ထွက်သွားလိုက်ဝင်လာလိုက်နဲ့ မိန်းကလေးတစ်ယောက်ရဲ့နှလုံးသားဆိုတာဇရပ်မှမဟုတ်တာကွ
အိမ်ပြောင်းခိုင်းတာလောက်ကို feel တက်မနေပါနဲ့
ဒါနဒီကမင်းကိုသံယောဇဉ်ရှိလို့ "

စိုင်းကျော်စွာရဲ့စကားကို အာရုံစိုက်နားထောင်နေခဲ့ပေမဲ့ မျက်လုံးကခပ်မှောင်မှောင်တစ်နေရာကို ငေးစိုက်နေခဲ့သည်။

" ညစ်နေရင်သောက်ကွာ အမြည်းကုန်တယ်"

ဘေးကရဲခေါင်ကတော့ ခပ်ထွေထွေဖြစ်နေပုံရသည်
အရက်ခွက်ကိုသူ့ဆီကမ်းပေးရင်းအသံကမူမမှန်တော့ပါ။

" မသောက်တော့ဘူး
ငါအရက်ဖြတ်ထားတယ်လေ"

နဒီနဲ့ သူနဲ့ဝေးကွာစေနိုင်သောအကြောင်းအရင်းတွေထဲမှာ အရက်လည်းတစ်ခုအပါအဝင်မလား

နောက်ပြီး ခခလေးကို ထူးဆန်းသောအရက်နဲ့ ဆေးလိပ်နံ့တွေ သူ့ဆီကနေ မရစေလိုပါ

" မိန်းမဆိုတာလုပ်ချင်တာလုပ်ပစ်မှရင်ခုန်ကြတာ
သောက်ချင်သောက်ပစ်လိုက်
ဖက်နမ်းချင်နမ်းပစ်လိုက်"

အာလေးလျှာလေးဖြစ်စပြုနေသော ရဲခေါင်ကိုကြည့်ပြီး စိုင်းကျော်စွာနဲ့သူ တပြိုင်တည်းပြုံးမိသည်။

" အဲ့ဒီ့ -ီး သရမ်းကောင်စကားနားမထောင်နဲ့
အခုထိတောင်ရည်းစားအတည်မရသေးဘူး"

ဟုတ်လည်းဟုတ်ပါသည်

စိုင်းကျော်စွာကမှ သူ့ထက်၇ နှစ်ငယ်သောကောင်မလေးနဲ့နောက်နှစ်ဆိုယူတော့မည်ဖြစ်သည်။

ရဲခေါင်ကတော့အခုထိ ပြစရာရည်းစားပင်မယ်မယ်ရရမရှိသေးပါ

" ရက်၁၀၀ပြည့်နေ့လာတဲ့ဟိုဘဲလိုလေ
စောက်ရမ်းရိုပြလိုက်ရုံပဲ
ပြီးရင်လုပ်ချင်တာလုပ်လို့ရတယ်"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Donde viven las historias. Descúbrelo ahora