ပါဆယ်ထုပ်တစ်ခုအခန်းရှေ့ရောက်နေတာမို့
သမီးလေးမနိုးအောင်အသာအယာဖွင့်လိုက်သည်။
ပန်းနုရောင်ဂါဝန်လေးပိစလေးတစ်ထည်အပြင်
ဂါဝန်ရှည်လေးတစ်ထည်ကိုပါတွေ့လိုက်ရတာမို့ စိတ်ထဲမှာလှိုက်ခနဲကြည်နူးမိသွားသည်။" နဒီနဲ့ ခခလေးညနေဝတ်ဖို့ " ဆိုတဲ့စာသားလေးကြောင့်ပြုံးမိသွားတာတော့အမှန်ပင်
ရှင်ဟာသိပ်နားလည်ရခက်ပါလား ခွန်
ကျွန်မကို ရေလိုကစားလိုက်
မီးလိုကစားလိုက်နဲ့ပါလားတစ်မနက်လုံးဆိုင်ထဲမှာပန်းတွေဆင်နေတဲ့
သူ့ကို ပြတင်းပေါက်မှရင်တထိပ်ထိပ်နဲ့ ငေးကြည့်လိုက်သည်။မနက်ခင်းနေရောင်ခြည်အောက်မှာ ချွေးတွေပြိုက်ပြိုက်ကျနေတာမို့ ခွန့်ရဲ့T shirt တွေဟာစိုကာရွှဲနေခဲ့သည်။
အနွေးထည်ကိုကောက်စွပ်ရင်းဆိုင်ဘက်ကိုထွက်လာခဲ့သည်။
" ခွန်မနက်ကဘာစားထားတာတွေ့လဲ"
သူမမေးတော့ ဆိုင်ကကောင်လေးဟာ နားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့သူမကိုကြည့်သည်။
တကယ်ဆို ကိုယ်တိုင်မေးကြည့်ပါလားလို့ဆိုလိုချင်ပုံရ၏
"အမကို ကော်ဖီရယ် France toast ရယ်လုပ်ပေးပြီးရင် ခွန့်ကိုခေါ်ကျွေးပေးပါလား"
နဒီ့အပြောကိုကောင်လေးဟာ အူကြောင်ကြောင်ဖြစ်နေပေမဲ့ ခေါင်းညိတ်ပြ၏။
လင်မယားမဟုတ်တော့တာမို့ အရင်လိုချော့မော့ကြင်နာပြဖို့အတွက်တော့ မသိစိတ်ကစိုးထိပ်နေမိသည်။
ဆိုင်တစ်ခုလုံးကိုဝေ့ဝဲကြည့်တော့
ပန်းဖြူဖြူလေးတွေဟာတစ်ဆိုင်လုံးဖွေးဖွေးလှုပ်နေခဲ့သည်။ပိုက်ဆံရှိရင်ပေးနိုင်တဲ့ပျော်ရွှင်မှုထက်
နဒီကတော့ မေတ္တာတရားက ပျော်ရွှင်မှုကိုပိုတန်ဖိုးထား၏။ဒါဟာ ကိုယ်မပိုင်ဆိုင်ရလို့တွေးမိခြင်းမဟုတ်ပါ...
ခွန့်ထံကအကြိမ်ကြိမ်ရရှိဖူးခဲ့သော
ပျော်ရွှင်မှုတွေသည် မေတ္တာတရားကိုအခြေခံခဲ့မှန်း နဒီသိသည်။
YOU ARE READING
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️