Episode 22

8.4K 314 19
                                    

ရန်ကုန်လေဆိပ်မှာလေယာဉ်ဆင်းတော့
​မိန့်မိန့်ကြီးကြိုနေတဲ့ခွန့်ကိုလူကြားထဲမှာ
ထင်းခနဲတွေ့လိုက်ရသည်။

ပေါ့ပေါ့ပါးပါး shirt အင်္ကျီလက်တိုကို
ဘောင်းဘီအတိုလေးနဲ့ဝတ်ထားတဲ့ခွန်ဟာ
ကလေးအဖေလို့ပြောရင်တောင်
ဘယ်သူမှယုံမည်မထင်ပါ

မန္တလေးမှ ရန်ကုန်ထိ ခွန်ဟာ ကားကို ကြိုမောင်းလာကာ
နဒီနဲ့ ခခတို့ကိုလေဆိပ်မှကြိုစောင့်နေခြင်းဖြစ်သည်။

" ကိုတို့က တောင်ပေါ်လူသားတွေဖြစ်နေလို့
ပင်လယ်ဘက်သွားရအောင်"
ဆိုကာ ငွေဆောင်ကိုထွက်လာခြင်းဖြစ်သည်။

ခရီးရှည်ရင်ခခလေးပင်ပန်းမှာဆိုးလို့ နဒီတို့ကိုတော့
ရန်ကုန်ထိကိုလေယာဉ်နဲ့လာဖို့ပြောထားတာဖြစ်သည်။
ခခရဲ့ဆရာမလည်းပါတာမို့ ခရီးထွက်ရတာသိပ်တော့အခက်အခဲမရှိလှပါ။

" ဗိုက်ဆာလား တစ်ခုခုစားပြီးမှ
ပုသိမ်ကိုတန်းမောင်းကြမလား"

ရောက်ရောက်ခြင်းလက်ကလေးတွေကိုတယုတယလာကိုင်သောခွန့်ကြောင့် နဒီ သိမ့်ခနဲပြုံးမိသွားသည်။

" ဒီနားမှာ ထိုင်းစားသောက်ဆိုင်ကောင်းကောင်းရှိတယ်  စားပြီးမှသွားကြအောင်လေ"

" ဟာ ခွန်ကလည်း နဒီက Burger king စားမှာ
ထိုင်းအစားစာကြီးမုန်းနေပြီ"

နဒီဟာနှုတ်ခမ်းလေးတွေပါဆူပုတ်ရင်း
ပြောတော့သည်။

ခွန်ဟာတစ်ခါလာလည်းထိုင်းဆိုင်
တစ်ခါလာလည်းထိုင်းအစားစာမို့

နဒီကတော့ တုန်ယမ်းဟင်းချိုကိုပင်
မမြင်ချင်တော့သည်အထိဖြစ်လာသည်။

" ထိုင်းကကောင်ကိုရှာယူထားပြီး
ထိုင်းအစားစာကိုမုန်းလို့မရဘူးလေကလေးမရဲ့"

"အဲ့ဒါဆိုင်လို့လား ဒါဆို နဒီ ကချစ်တီးထမင်းတို့ india အစားစာတွေသိပ်ကြိုက်တာ
india ကကောင်လေးကိုရှာယူရမှာလား"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now