Episode 5

11.3K 401 20
                                    


ဖျတ်ခနဲလန့်နိုးလာတော့ ဘေးနားမှာသူများပြန်ရောက်လာမလားအတွေးနဲ့

နဒီမရဲတရဲမျှော်လင့်မိသေးသည်။

သေးသေးလေးကအစစိတ်ပူပေးတက်တဲ့လူတစ်ယောက်ဟာ နေ့ခြင်းညခြင်းပျောက်ရှသွားတာမို့ နေရာလွတ်ကတော်တော်ကြီးမားနေခဲ့သလို

" နဒီ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့"

ကြားလိုက်ရတဲ့စကားကြောင့်
ကမ္ဘာကြီးတစ်ခုလုံးချာချာလည်သွားခဲ့သည်။

မရှက်နိုင်တော့ပါဘူး
ဒီတစ်ကြိမ်တော့ ဆေးရုံကုတင်ပေါ်မှာဒူးတွေကျုံ့ဝင်ရင်း ငိုမိတော့သည်။

သူမရှိတော့တဲ့အချိန်မှ ကိုယ်ဝန်တဲ့လား

အရာအားလုံးဆုံးရှုံးခဲ့ပြီးမှ ရောက်လာရလားကလေးရယ်

" ဘာမှအားမငယ်နဲ့ ငါတို့အားလုံးနင့်ဘေးမှာရှိတယ်"

သူနဲ့ပတ်သက်ပြီးခင်မင်တာကြတာဆိုပေမဲ့ ကိုရဲခေါင်နဲ့ ကိုစိုင်းကျော်စွာကအကိုအရင်းတွေလိုနွေးနွေးထွေးထွေးရှိတာကြသည်။

" Darling ကို ....
sorry ခွန့်ကို ဒီအကြောင်းသွားမပြောပါနဲ့နော်"

ခေါက်ရိုးကျိုးနေခဲ့တဲ့အခေါ်အဝေါ်တွေကိုပြင်ဆင်ရင်း
မျက်ရည်စက်လက်နဲ့ နဒီ့ပြောတော့
သူတိုအားလုံးခေါင်းညိတ်လိုက်ကြသည်။

"ကို အခုငိုနေတယ် နဒီ
ဒါတကယ်ပြောနေတာပါ
မင်းကိုလည်းမထိခိုက်စေချင်သလို
ကိုလည်းမခံစားချင်တော့ဘူး
နဒီဖန်ဆင်းတဲ့ကမ္ဘာမှ ကိုမနေနိုင်တော့ဘူး
မင်းရောကိုရော မပျော်ရတာတော်တော်ကြာပြီ"

ဖျတ်ခနဲ မကွာရှင်းခင်တစ်ပတ်အလိုက
သူ့စကားကိုပြန်ကြားယောင်မိသည်။

သူဟာနဒီနဲ့နေရတာစိတ်ဆင်းရဲခြင်းများစွာနဲ့

ဖြတ်သန်းနေရတာပဲလေ

ဘာလို့ထပ်ချည်နှောင်ရဦးမှာလဲ

အဲ့ဒီ့စကားတွေပြောတုန်းက မှတ်မှတ်ရရ

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now