Episode 6

10.6K 426 28
                                    

" ရန်ကုန်မှ bangkok သို့ ထွက်ခွာမည့်ခရီးသည်များအသင့်နေရာယူထားပါရန်မေတ္တာရပ်ခံပါသည်"

လေဆိပ်မှ announcement သံကြားတော့ ငြိမ်သက်နေရာမှသူလှုပ်လှုပ်ရွရွဖြစ်သွားသည်။

Luggage ခပ်သေးသေးကိုဆွဲပြီး ခြေလှမ်းတွေဟာ departure ကိုဦးတည်လျက်...

လေဆိပ်တွေကိုမုန်းသည်
တွေ့ဆုံကြုံကွဲ အရာအားလုံးဟာ လေဆိပ်ထဲမှာ
ခဏလေးအတွင်း ထပ်ခါထပ်ခါဖြစ်ပျက်နေသည်။
ဒါဟာငရဲတစ်ခုသာဖြစ်​၏

သတိရခြင်းတွေကိုသာ စာအဖြစ်ချရေးမယ်ဆိုရင်

စာအုပ်တောင်ဆန့်မယ်မထင်ဘူးနဒီ...

အိမ်ကထွက်လာတဲ့ ၂ ရက်တစ်ပိုင်းမှာတင်

အစားစားရင်သတိရသည်။

ခြေလှမ်းလှမ်းရင်သတိရသည်။

ငေးငေးငိုင်ငိုင်ထိုင်နေရင်လည်း သတိရသည်။

မိုးတိမ်လိပ်လိပ်လေးတွေကိုချစ်တဲ့

window seat မှာပဲထိုင်တက်တဲ့

နဒီ့ကိုတွေးရင်း ပီကယ်တစ်တောင့်ကိုဝါးလိုက်သည်။

ဘယ်တော့မှ မတွေတော့ဘူးလို့ ကြုံးဝါးထားပေမဲ့ နဒီမရှိပဲ နေနိုင်ဖို့ အတော်ကြိုးစားရဦးမည်။

လူကအသည်းကွဲလာပါတယ်ဆိုမှဘေးမှ တစ်တီတူးနေတဲ့ အတွဲကြောင့်

လေယာဉ်ပေါ်မှခုန်ချချင်စိတ်တဖွားဖွားဖြစ်လာသည်။

" အကို ကျွန်တော့်ကိုခုံလေးလဲပေးလို့ရမလား
ကျွန်တော့ကောင်မလေးက window seat ထိုင်ချင်လို့ပြောနေလို့"

ကောင်လေးရဲ့ အားတုံ့အားနာအပြောကြောင့် သူ မျက်ရည်ပင်ဝဲသွားတော့သည်။

" အကိုဖယ်ပေးပါ့မယ် ထိုင်ကြပါ"

သူခပ်တိုးတိုးပြောရင်း ဖယ်ပေးလိုက်သည်။

ကောင်မလေးရော ကောင်လေးရောဟာ သူ့စကားကြောင့်ဝမ်းသာအားရဖြစ်သွားသည်။

သူဟာ window seat မှ လျောက်လမ်းဘေးကခုံကိုရောက်သွားတော့သည်။

မူးနောက်ရီဝေနေတဲ့ အတွေးတွေကိုမေ့ပစ်ရင်း မျက်လုံးတွေမှေးစင်းထားလိုက်တော့သည်။

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now