လွမ်းဆွတ်တမ်းတမှုကဘယ်ကစလဲဆိုရင်
မနက်အိပ်ရာထကတည်းကစတယ်နဒီ.....လူတစ်ယောက်ကိုအတင်းလုပ်ယူ
မေ့ပစ်လို့မရမှန်းကိုသဘောပေါက်လာတယ်
ဒါပေမဲ့မင်းပြောသလိုကိုဘယ်တော့မှပြန်မလာတော့ပါဘူးကွာရှင်းပြတ်စဲပြီးတဲ့နေ့က အပြန်လမ်းမှာ
နဒီမူးလဲသွားတယ်တဲ့ဒီသတင်းကို သူ့သူငယ်ချင်းတွေဆီကပြန်ကြားတာဖြစ်သည်။ဒါပေမဲ့သူမသွားခဲ့ပါ။
ရေတံခွန်ဆိုတာ ရေရှိမှလှတာ နဒီ
ငါမရှိတဲ့ဘဝမှာမင်းဘယ်နှယ့်နေလဲလို့တောင်ခပ်ရွဲ့ရွဲ့သွားမေးကြည့်ချင်တယ်အဲ့ဒီ့အခါကျရင် နဒီဟာသူ့ကို ဘယ်လိုများပြုံးပြုံးလေးတုံ့ပြန်နိုင်ဦးမလဲ
တကယ်တမ်းနဒီ့ကိုသာပြောတာ
သူ့ကိုယ်တိုင်လည်းစိတ်တွေတော့တည်တည်ငြိမ်ငြိမ်မရှိလှလေဆိပ်ကယောက်ယက်ခက်တဲ့ လူတွေကြား
သူဟာကျောက်ရုပ်တစ်ခုလိုငြိမ်နေခဲ့မိသည်။" နဒီ သက်သာလား"
ဖုန်းခလုပ်ကိုမနေနိုင်မထိုင်နိုင်ဆက်ရင်းမေးလိုက်မိတော့
တစ်ဖက်မှနားထောင်နေပေမဲ့သူ့ကိုချက်ချင်းပြန်မဖြေပါ။" မင်းမေးစရာမလိုတော့ဘူးမလား Nalta"
တစ်ဖက်မှစိုင်းကျော်စွာ ရဲ့စကားသံကြောင့်သူဒေါသထွက်သွားမိသည်။
" မင်းဘယ်လိုစကားပြောတာလဲ
မင်းတို့အားလုံးက နဒီဘက်ကလား
ငါမရှိတော့ မင်းတို့ အဝဖွန်ကြောင်ကြပေါ့"ခပ်ထေ့ထေ့ပြောတဲ့ သူ့စကားကြောင့်
တစ်ဖက်မှ အသံနက်ကြီးနဲ့" ဟေ့ရောင် သေချင်းဆိုး"
လို့ကစ ဆဲရေးတိုင်းထွာသံတွေဆက်တိုက်ထွက်လာတော့သည်။ထို့နောက် ဖုန်းသံတွေငြိမ်ကျသွားသည်။
တကယ်ပဲ သူမှားခဲ့တာလား
နဒီ့အပေါ်ကို တစ်ဖက်သတ်အထင်လွဲခဲ့တာလားတစ်လောကလုံးက နဒီ့ဘက်မှာရပ်တည်နေတာကိုတော့သူမကျေနပ်
အထူးသဖြင့်ဟိုကောင်တွေ.....
YOU ARE READING
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️