Episode 9

10.1K 392 31
                                    


၃ လကြာခဲ့ပြီ အတိအကျဆို

ခွန်မရှိတော့တာ ၃ လနဲ့ရက် ၂၀ရှိပြီ.....

" ဆိုင်ကိုတကယ်ကြီး
ရောင်းတော့မလို့လား"

မလှုပ်မယက်ထိုင်နေသော
နဒီ့ကိုကြည့်ရင်း ကိုစိုင်းကျော်စွာကမေးလိုက်သည်။

" နဒီတို့နှစ်ယောက်ရဲ့
sorry နဒီ့ရဲ့ စိတ်ကူးအတိုင်းဆောက်ထားခဲ့တာမလား မရောင်းပါနဲ့လား"

သူ့စကားကြောင့်နဒီဟာကြေကွဲစွာနဲ့ရယ်တော့သည်။

" ကိုစိုင်းဝယ်ပါလား
Esperanza ကို တခြားလူလက်ထဲမထည့်ရက်လို့"

ပါးစပ်ကရေရွတ်ရင် မျက်လုံးဟာ
ဆိုင်လေးကိုဝေ့ဝဲကြည့်နေခဲ့မိသည်။

ဒီဆိုင်ထဲမှာ ခွန်နဲ့အမှတ်တရတွေဟာ
နေရာတိုင်းမှာရှိခဲ့တာမဟုတ်လား

အတိတ်ကအရိပ်တွေဟာ
ကားချပ်ပေါ်မှာထင်ထင်ရှားရှားရှိနေသလိုပဲ
အရောင်တွေမှေးမှိန်မသွားခဲ့ပါ။

အခုချိန်ထိအောင် ဖျတ်ခနဲဖျတ်ခနဲ
ကော်ဖီ bar မှာ Apron ဝတ်ထားပြီး
ပြုံးပြနေတဲ့ Darling မျက်နှာကိုမြင်ယောင်မိနေဆဲပဲ

တခြားသူထက်စာရင် ကိုစိုင်းလက်ထဲမှာတော့
ဆိုင်လေးကိုစိတ်ချသည်။

သားသမီးလိုဖြစ်နေခဲ့သည့် ဒီကော်ဖီဆိုင်လေးကို
တကယ်တမ်း ရောင်းပစ်ရမှာတော့နဒီဟာနှမြော​၏။

" ဟုတ်ပြီလေ အကိုဝယ်ပေးမယ်
နဒီပြန်လိုချင်တဲ့အချိန်ပြော
အကိုနဒီရောင်းခဲ့တဲ့ဈေးအတိုင်း
ပြန်ရောင်းပေးမယ်"

ကိုစိုင်းကျော်စွာစကားကြောင့် နဒီခေါင်းညိတ်လိုက်သည်။

" အကို...
ခွန်နဲ့ရောအဆက်အသွယ်ရလား"

သူမမေးတော့ ကိုစိုင်းကျော်စွာကခေါင်းခါသည်။

" ဒီမသာ က... sorry နဒီ
ဒီကောင်က အကိုတို့အားလုံးကိုအဆက်သွယ်ဖြတ်သွားတာကွ"

ဒေါသသံစွတ်ကာပြောနေပေမဲ့
အားလုံးကခွန့်ကိုသတိရနေကြတာသိသာသည်။

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Donde viven las historias. Descúbrelo ahora