ဘန်ကောက်ရဲ့ညရှူခင်းတွေကို
စားသောက်ဆိုင်လေးကကြည့်ရင်း
Nalta ဟာငေးငေးငိုင်ငိုင်နဲ့ထိုင်နေခဲ့သည်။ဒီဆိုင်လေးဟာ သူ့ အဖေရဲ့တစ်ခုတည်းသောအမွေမို့
ရောင်းရရမရရဆက်ဖွင့်ဖို့စိတ်ကူးထားသည်။နဒီနဲ့ကွာရှင်းပြီးတာ၃ လ တိုင်ခဲ့ပြီ.....
လူကအခုထိဘာမှရေရေရာရာ
ခံစားချက်မရှိသလိုထုံပေနေခဲ့သည်။
ပျော်စရာမရှိ ဝမ်းနည်းစရာမရှိတဲ့အပြင်
အိပ်မပျော်တဲ့ညတွေဆက်လာတာမို့
လူကငေးငေးငိုင်ငိုင်ဖြစ်နေတာမဆန်းပါ။မျှော်လင့်ချက်မရှိတဲ့ဗလာနတ္ထိ
ခံစားချက်တွေကြောင့်
စာတွေရှာဖက်မိသည်။စိတ်ကျရောဂါလက္ခဏာရဲ့
mild symptomတွေ ဆိုပါလား
သူဟက်ခနဲရယ်မိသည်။ကြေကွဲဝမ်းနည်းစရာကိစ္စတွေဆိုတာ
သူ့အတွက်အထူးအဆန်းမှမဟုတ်တာ...ဒီအချိန်ထိ အသက်ရှင်အောင်
တောင့်ခံနိုင်သေးတာပဲစိတ်ဓာတ်ကျစရာအကြောင်းကိုမရှိပါ။ ဒါကိုသူလက်မခံနိုင်ပါ။အရာအားလုံးဟာ နဒီ့အမှားတွေချည်းပဲမဟုတ်တာသူသိသည်။
နှစ်ယောက်စလုံးမှားကြသည်
သို့ပေမဲ့သူကပိုမှားခဲ့သည်။အကြိမ်ကြိမ်နဒီ့ကိုပြောခဲ့ဖူးသလိုပဲ
ချစ်တယ်ဆိုတဲ့အရာဟာ
ကိုယ်ချစ်တဲ့သူကိုရော
ကိုယ့်ကိုယ်တိုင်ကိုရော
ထိခိုက်နေပြီဆိုရင်
လက်လွှတ်ခံလိုက်ပါ့မယ်ဆိုသလိုပဲ
သူဟာနဒီ့ကိုလက်လွှတ်လိုက်ရုံသာဖြစ်၏။ဒီအမျိုးသမီးကိုအခုလည်းချစ်သည်
အရင်ကလည်းချစ်ခဲ့သည်
နောင်များလည်းချစ်ပါဦးမည်ချစ်ခြင်းမေတ္တာနဲ့ လက်လွတ်ခံခြင်းက
အချိုးမှမကျတာနဒီ....ကိုကတော့ မေ့ပစ်ဖို့လည်းကြိုးစားမှာမဟုတ်သလို
သတိရအောင်လည်းကြိုးစားမှာမဟုတ်ဘူးအချစ်ဆိုတာကြိုးစားလုပ်ယူလို့ရတဲ့အရာမှ
မဟုတ်တာနဒီရဲ့
ရယ်စရာကောင်းတာတစ်ခုက
ကို့ကိုချစ်လာဖို့ မင်းဘက်က
ကြိုးစားနေရတယ်ဆိုကတယ်ဆိုတာပါပဲ။
ВЫ ЧИТАЕТЕ
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Любовные романыမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️