" ဟေ့ရောင် ငခွန်"
အခန်းဝမှ တဒုန်းဒုန်းထုရိုက်သံကြောင့် ဆိုဖာပေါ် အိပ်ပျော်နေရာမှ ကုန်းထလိုက်သည်။
"ဒီကောင်တွေဘဲလ်မတီးတက်ဘူးလားမသိပါဘူး"
လူကမူးနေပေမဲ့ အိမ်တံခါးကို
တဒုန်းဒုန်းထုတာကိုတော့မကြိုက်တယိုင်းတယိုင် ထရင်း တံခါးကိုဖွင့်လိုက်တော့
ရဲခေါင်နဲ့ စိုင်းကျော်စွာ နှစ်ကောင်သားကိုတံခါးဝမှာ
သားနားသန့်ပြန့်စွာတွေ့လိုက်ရသည်။" ငါတို့ကမင်းကိုမျှော်နေတာ
မလာလို့အိမ်ထိရောက်ချလာတာ
ဒါနဲ့
ရုပ်ကဘာလို့ ဒီလောက်ရွဲပြဲနေတာလဲ"ပုလင်းအခွံတွေကိုစားပွဲပေါ်မှာအခန့်သားတွေ့ရတာမို့
ရဲခေါင်နဲ့ ငစိုင်းဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။" မိန်းမနဲ့ရန်ဖြစ်ပြန်ပြီတူတယ်
နဒီ... ရော"" နဒီရေ... နဒီ ငါတို့ နင့်ယောကျာ်းကိုခေါ်သွားမယ်နော်"
အိမ်ထဲကို လှမ်းအော်နေသော ငစိုင်းကို ခွန်ဟာစေ့စေ့ကြည့်လိုက်သည်။
" မရှိတော့ဘူး
ကလေးပါခေါ်ပြီး
ထွက်သွားပြီ"သူ့အသံတိုးပြတ်ပြတ်ကြောင့်
နှစ်ကောင်သားငြိမ်ကျသွားတော့သည်။
"မင်းကတော့လုပ်ပြန်ပြီ
ပြီးရင်သေမလိုလုပ်ပြဦးမယ်"" အေး အခုလည်းသေမလိုဖြစ်နေတာလေ "
အိမ်ထဲကိုလေးကန်တဲ့ခြေလှမ်းတွေနဲ့အတူဝင်လာပြီးနောက် ခွန်ဟာ ဆိုဖာပေါ်ခြေပစ်လက်ပစ် ပြန်လှဲချလိုက်သည်။
" မင်းက အဲ့ဒီ့မှာလှဲနေတော့ ငါတို့ကဘယ်နားထိုင်ရမှာလဲ"
အလိုက်မသိစွာမေးသောစိုင်းကျော်စွာကို သူအတော်အမြင်ကတ်မိသည်။
" ကျစ်... အရေးထဲ
မထိုင်ကြနဲ့ကွာ မင်းတို့ကပါတမျိုး
ဒီည ငါမလိုက်တော့ဘူး
အပူသည်ကြီးဖြစ်နေတော့
မင်းတို့လည်းပျော်မှာမဟုတ်ဘူး"

BINABASA MO ANG
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️