Episode 3

12.1K 440 15
                                    

" ရိုးရိုးလေးသာဝတ်ခဲ့ပါကွယ်အေးမြလို့....
ကျင်လည်ရာလူ့လောကမှာ အပူမီးနဲ့အတူ လှုပ်ရှားရုန်းကန် ဟန်လုပ်ပြုံးရခြင်းတွေ
စွန့်ပစ်ခဲ့တယ်သွားကြမယ်လေဘုရားဖူးစို့
မောင်မယ်အတူတောင်ဘက်မုဒ်က
လှေခါးထစ်တွေတက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့
ရိုးရိုးလေးသာဝတ်ခဲ့ပါကွယ်အေးမြလို့
ပန်းတန်းနဲ့စောင်းတန်းသွယ်ဆီမရောက်ခင်
ပန်းဝယ်မယ်ဆို နှင်းဆီကိုသာရွေးဝယ်နော်"

ကော်ဖီဆိုင်ထဲမှာ သူ့အတွက် cappuccino တစ်ခွက်ကို အလှဆုံးအသည်းပုံလေးဖြစ်အောင်ဖန်တီးရင်း
သီချင်းညိမ့်ညိမ့်လေးကို နားဆင်မိသည်။

ဒီသီချင်းက  Nalta မပီကလာပီကလာနဲ့ မကြာခဏဆိုပြတက်တဲ့တစ်ပုဒ်တည်းသော မြန်မာသီချင်းမလား

အတွေးတွေက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ကူးလူးနေဆဲ
.
.
.
.

"ပန်းဝယ်မယ်ဆို ကံ့ကော်ကိုသာရွေးဝယ်နော်ဆိုတဲ့စာသားဟာ အမှန်ဆိုပေမဲ့
ဘာလို့ အခုကျ နှင်းဆီကိုသာရွေးဝယ်နော်လို့ဘာလို့ပြောင်းဆိုကြတာလဲ"

သူ့ဘက်လှည့်ပြီးမေးတဲ့ Nalta ရဲ့မျက်လုံးလေးတွေဟာ ကြည်လင်ရှင်းတောက်နေခဲ့သည်။

အဲ့ဒီ့နေ့က သူရန်ကုန်ကို လာခဲ့တဲ့နေ့

မှတ်မှတ်ရရ ရွှေတိဂုံဘုရားဖူးချင်တယ်ဆိုလို့
နဒီကိုယ်တိုင်သူ့ကိုလိုက်ပို့တဲ့နေ့ဖြစ်သည်။

အမြဲလိုလေထုညစ်ညမ်းနေတဲ့ရန်ကုန်မြို့ရဲ့ကောင်းကင်ဟာ
ခွန်လာလို့လားမသိ ပြာလဲ့လဲ့နဲ့ကြည်ရှင်းနေခဲ့သည်။

" ဒီသီချင်းကို 1995 တုန်းကအန်တီမာမာအေး version ကို ကျွန်တော့်အိမ်ကအဘွားကဆိုပြနေကြ
ကံ့ကော်ပန်းလို့ပဲကျွန်တော်မှတ်ထားခဲ့တာ "

သူပြောမှသာနဒီသတိထားမိသည်

တကယ်တမ်းနဒီဟာ သူဆိုပြမှသာ
ဒီသီချင်းကိုနားထောင်ဖြစ်ချင်းသာဖြစ်သည်။

ထိုင်းမှာမွေး ထိုင်းမှာကြီးတဲ့လူတစ်ယောက်လောက်တောင် နဒီဟာမြန်မာသီချင်းတွေသေချာလေ့လာဖြစ်ပါ

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Tempat cerita menjadi hidup. Temukan sekarang