Episode 21

8.7K 331 22
                                    

အထုပ်ကြီး အထုပ်ငယ်တွေကို ကားနောက်ခန်းမှ
အိမ်ရှေ့ကိုနေရာချနေရင်း

မီးလောင်ထားသော နဒီ့ရဲ့ အိမ်ဘက်ကို ခွန်ဟာလှမ်းကြည့်နေမိသည်။

အိမ်ထဲမှာတော့သုံးလို့ရတဲ့ပစ္စည်းဆိုတာမရှိသလောက်ပင်ဖြစ်သည်။

အိမ်ကိုအသစ်ပြန်ဆောက်ဖို့နဒီကတော့ construction company တစ်ခုနဲ့ပြောထားတယ်ဆိုပေမဲ့ သူကတော့ အိမ်ဆောက်ပြီးတဲ့အချိန် နဒီသူ့နားကထွက်သွားမှာပင်
ပိုကြောက်မိသည်။

ရုတ်တရက်သူ့မျက်လုံးသည်နေ့ချင်းကြောင်တောင်ကြီး Hoodie ကိုခေါင်းထိစွပ်ထားတဲ့လူငယ်တစ်ယောက်ဆီအကြည့်ရောက်သွားသည်။

နဒီတို့အိမ်နားတွင် ဝေ့လည်ကြောင်ပတ်လုပ်နေသည့် ထိုလူငယ်သည်အတော်လေးသံသယဖြစ်စဖွယ်ပင်။

ပုံမှန်မဟုတ်တဲ့ထိုလူငယ်ရဲ့ပုံစံဟာ ယိုင်နဲ့နဲ့
ပိန်ပိန်ပါးပါး အသားဖြူဖြူနဲ့ဖြစ်ပြီး mask အုပ်ထားတာမို့ မျက်နှာကိုတော့သေချာမမြင်ရပါ

" ဟေ့ရောင် မင်းဘယ်သူလဲ"

သူလှမ်းအော်တော့ ထိုလူငယ်ဟာသူ့ကိုတစ်ချက်လှည့်ကြည့်ကာသုတ်ခြေတင်ပြီးပြေးတော့သည်။

ဒါသွေးရိုးသားရိုးတော့မဟုတ်....
ဧကန်ဏ မီးရှို့တဲ့ကောင်လား ဒင်းလား

စိတ်ထဲကတွေးရင်းထောင်းခနဲဒေါသနဲ့အတူ
ခွန့်ရဲ့ခြေထောက်တွေသည် ထိုလူငယ်နောက်ကိုအပြေးအလွှားလိုက်သွားမိတော့သည်။

" ဟေ့ကောင်ရပ်လိုက်စမ်း"

လမ်းကြားထဲပြေးဝင်သွားတာမို့ လူတွေဟာ ရုတ်ရုတ်သဲသဲဖြစ်ကာ သူတို့ နှစ်ယောက်ကို ဝိုင်းကြည့်နေကြသည်။

လူငယ်ရဲ့ ကျောပြင်ကို ရိပ်ခနဲ ရိပ်ခနဲမှီလာခါနီးဖြစ်လိုက် ဝေးသွားလိုက်နဲ့ သူအတော်ပင်မောဟိုက်လာတော့သည်။

သို့ပေမဲ့ စိတ်တော့မလျော့
နဒီနဲ့ ခခလေးကိုထိတဲ့သူဆို တွေ့ရာသချိုင်းဓားမဆိုင်းပဲ အမှုန့်ခြေပစ်ချင်လောက်အောင်သူ့စိတ်တွေဟာကြမ်းတမ်းလာသည်။

သူ့ကို လှည့်ကြည့်လိုက် ရှေ့ကိုပြေးလိုက်နဲ့ ထိုလူငယ်ဟာ လမ်းပိတ်တစ်ခုမှာ ဂျောင်ပိတ်သွားတော့သည်။ 

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now