Episode 12

10.4K 404 33
                                    

မီးဖိုချောင်ကမွှေးကြိုင်လွန်းသော
အသားကင်ရဲ့အနံ့ကြောင့်
ဗိုက်တွေတဂွီဂွီဖြစ်လာခဲ့သည်။

အနောက်ဘက်ကကြည့်ရင်တောင်
T shirt ဖြူဖြူပေါ်မှာ Apron ဝတ်ထားသည့်
ခွန်သည် အလွန်ကြည့်ကောင်း​၏။

ဟင်းချက်တော်တဲ့ ခွန်သည်
လှလှပပလည်းတည်ခင်းပေးတက်​၏။

စားပွဲဝိုင်းမှာတည်ခင်းထားတဲ့ပုံကအစဈေးကြီးပေးရတဲ့စားသောက်ဆိုင်တွေကအတိုင်းပင်။

steak ကိုဖဲ့လိုက်ကာမြည်းလိုက်တော့
နူးညံ့တဲ့အသားတွေဟာ
စိမ့်ဝင်နေသောဝိုင်ရဲ့အရသာနဲ့အတူ
တပြိုင်နက်ခံစားလိုက်ရသည်

" ကောင်းလား"

ခွန်ဟာအရသာခံကာစားနေသော
နဒီ့ရဲ့မျက်နှာကို ရင်တထိပ်ထိပ်နဲ့ကြည့်နေခဲ့သည်။

"Master chef ဝင်ပြိုင်ပါလား
အကောင်းပြောတာ"

နဒီ့စကားကြောင့် ခွန်ဟာသွားလေးတွေညီတန်းသွားသည်ထိရယ်တော့သည်။

သေချာတယ်
အရင်ကရော အခုရော Apron ဝတ်ထားတဲ့ယောက်ျားတွေထဲခွန်အချောဆုံးဖြစ်သည်။

" ကိုယ့်ကိုတစ်လုပ်လောက်ပေးမြည်းပါလား"

ပြောရင်းဆိုရင်းသူမမျက်နှာနဲ့
နီးကပ်လာတဲ့ ခွန့်ရဲ့ နှုတ်ခမ်းဖျားနီနီတွေကို
မှင်သက်ရင်း ငေးကြည့်နေမိသည်။

" ခွံ့လေ"

ခွန်နောက်တစ်ခါပြောတော
နဒီ့ခန္ဓာကိုယ်လေးဟာ ဆက်ခနဲဖြစ်သွားသည်။

ခက်ရင်းနဲ့ အသားတုံးကိုယူကာ
ခွန့်ပါးစပ်ထဲကိုရှက်ရှက်နဲ့ထိုးထည့်လိုက်တော့သည်။

" ဖြေးဖြေးခွံ့ပါဆရာမရယ်"

သူဟာပြောရင်း လက်ကိုပါးစပ်နဲ့ အုပ်ကာ
ပေစောင်းစောင်းနဲ့ ကြည့်နေခဲ့သည်။

" ဝါးခနဲ " ငိုသံကြောင့် နှစ်ယောက်သားလှုပ်လှုပ်ရွရွဖြစ်သွားခဲ့သည်။

" အင်း ရှူးပေါက်ပြီလား အီးပါပြီလားမသိဘူး"

" ကိုယ်သွားကြည့်ပေးရမလား"

သူမခေါင်းညိတ်တော့ခွန်ဝမ်းသာအားရထွက်သွားခဲ့သည်။

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now