Episode 28

9.3K 307 35
                                    

" တရားခံကို မြင်ရင်မှတ်မိတယ်လို့ မင်းပြောခဲ့တယ်နော်"

ICU မှ ရိုးရိုးအခန်းကိုရောက်လာခဲ့သလို

ခွန်ဟာလည်း ခေါင်းအုံးတွေကို မှီရင်းထိုင်နေနိုင်ခဲ့သည်။

ထုံးစံအတိုင်းလူနာစောင့်များတက်သည့်အတွက်

ဆေးရုံအခန်းကိုကျယ်ကျယ်ယူထားရသည်။

လမိုင်းဟာ ခေါင်းညိတ်ပြတော့
ခွန်ဟာ ဓာတ်ပုံတစ်ပုံကို ဖုန်းထဲမှ
အသဲအသန်ရှာနေခဲ့သည်။

" ဒီလူလား"

ခွန်ဟာဓာတ်ပုံပြပြီးမေးတော့
လမိုင်းဟာ မျက်လုံးတွေပြူးကျယ်လျက်
ခေါင်းညိတ်ပြသည်။

ခွန်ပြသောဓာတ်ပုံကြောင့် အားလုံးဟာတအံ့တဩဖြစ်သွားကြသည်။

" ကောင်းဆက်သွေး လား"

" အင်း... ဟုတ်တယ်
ငါသေချာမြင်လိုက်တယ်
အခု လမိုင်းပြောတာနဲ့တိုက်ဆိုင်နေတာဆိုတော့
သူမှသူအစစ်ပဲ"

အားလုံးဟာ မယုံနိုင်ခဲ့
ကောင်းဆက်သွေးဟာ ဘာလို့များ
မျက်နှာဖုံးနဲ့လူဖြစ်နေခဲ့သလဲဆိုတာနားမလည်နိုင်ကြပါ

ထူးဆန်းစွာတိတ်ဆိတ်နေတဲ့ နဒီ့ကို
ခွန်ဟာ စေ့စေ့ကြည့်နေခဲ့သည်။

" ငါ နဒီနဲ့ ခဏလောက်စကားပြောချင်လို့
အားလုံးအပြင်ကို ခဏလောက်ထွက်ပေးကြပါလား"

ခွန့်စကားကြောင့် အားလုံးဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပေမဲ့
နဒီကတော့ မျက်လုံးတွေကိုကြမ်းပြင်တစ်နေရာစီငေးစိုက်နေခဲ့သည်။

" အေးအေးဆေးဆေးပြောကြပါကွာ"

ကိုရဲခေါင်ရဲ့ စကားကို နားလည်ပါတယ်ဆိုတဲ့အကြည့်မျိုးနဲ့ ခွန်ဟာတုံ့ပြန်လိုက်သည်။

အားလုံးထွက်သွားပြီးနောက် ဆေးရုံအခန်းထဲမှာ
ခွန်နဲ့နဒီနှစ်ယောက်သာကျန်နေခဲ့တော့သည်။

အတန်ကြာအောင်တိတ်ဆိတ်ငြိမ်သက်နေရာမှ
ခွန့်ဘက်ကစပြီး စကားသံတချို့ဖြင့်ကိုထိုးခွင်းလိုက်သည်။

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Where stories live. Discover now