" da da ..."
မပီကလာပီကလာခခလေးရဲ့စကားကြောင့် ခွန့်မျက်နှာကြီးသည် မှိုရသည့်အတိုင်းပင်
" may may .
မေမေလို့ခေါ်ပါဆို ဘယ်နဲ့ da da တဲ့လား "မေနဒီဟာ မျက်နှာ ၈ ခေါက်ချိုးဖြစ်နေပေမဲ့ ခခလေးဟာ တခစ်ခစ်ရယ်ရင်း သူ့အဖေဘက်လှည့်ကာ
" da da " လို့ ခေါ်နေခဲ့သည်။" ဒီကလေးကတော့ခေါင်းခေါက်ထည့်ရ"
နဒီမနာလိုဖြစ်နေတဲ့ ပုံကိုကြည့်ကာ
ခွန်ဟာသွားတွေစီတန်းသည်ထိရယ်မောနေတော့သည်။ခခရဲ့ပထမဆုံးပြောသည့်စကားက "da da " daddy လို့ခေါ်ချင်ပုံရ၏
ခွန်ကတော့ သူ့သမီးသူချီထားရင်း
နဒီ့ကို ပြီတီတီရုပ်နဲ့ကြည့်နေဆဲခေါင်းပေါ်မှာလည်း သမီးရဲ့ ဦးထုပ်သေးသေးလေးကိုယူဆောင်းထားပုံကချစ်စရာကောင်းနေခဲ့သည်။
" နေနေ.... ပြီးမှလာမကပ်နဲ့"
နဒီပြောတော့ ခခလေးဟာ နားလည်သည့်ပုံပင်
မျက်လုံးပြူးပြူးလေးနဲ့ကြည့်နေခဲ့သည်။" နဒီကလည်းကွာ သမီးနဲ့အပြိုင် မကောက်ပါနဲ့"
" နဒီကသူ့ကို ဗိုက်အနာခံပြီးမွေးထားရတာလေ
အခုတော့ da da လို့အရင်ပြောစရာလား"မျက်စောင်းတခဲခဲနဲ့ နဒီ့ကိုကြည့်ပြီး
ခခလေးဟာ တဝါးဝါးထငိုတော့သည်။စကားသာကောင်းကောင်းမတက်ပေမဲ့ သူ့ကိုဆူနေတာတော့သိသည်ထင်သည်။
" ငိုနဲ့ ငိုနဲ့ တိတ်တိတ် မေမေ ကို ဖေဖေရိုက်ပေးမယ်"
ခွန်ဟာပါးစပ်ကပြောရင်း သူမလက်မောင်းကို
ရိုက်တဲ့ဟန်လုပ်လိုက်သည်။" ခွန်နော် ကလေးကိုအတက်ကောင်းတွေမသင်နဲ့ "
" ရော့ရော့ ဒါဆိုချီ ကလေးကို"
ခခလေးကို ခွန့်ဆီက လက်လွှဲယူရင်း ချီလိုက်သည်။
" မေမေကစတာပါ ခခလေးရယ်"
KAMU SEDANG MEMBACA
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romansaမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️