Episode 18

9.3K 342 11
                                    

"နိုးပြီလား "

ကုတင်ပေါ်မှာတင် အနည်းငယ် လွန့်လူးလာရာမှ

ဘေးတိုက်ပြန်အိပ်နေသောခွန့်ရဲ့နှာတံချွန်ချွန်ချွန်တွေကို နဒီငေးကြည့်နေမိသည်။

" နဒီ ဘာလို့ကို့ကိုကြည့်နေတာလဲ"

မျက်လုံးတွေမှေးဆင်းရာမှ
လူကိုလှမ်းကြည့်ကာမေးတာမို့
နဒီထိပ်ခနဲဖြစ်သွားခဲ့သည်။
ခိုးကြည့်နေကာမှလူမိသွားရလေခြင်း

" အသက်ရောရှူနေသေးရဲ့လားလို့ကြည့်နေတာ"

နှဖူးပြင်ကိုပြောပြောဆိုဆိုနဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ထိတွေ့လိုက်တော့

ခွန်ဟာ နဒီ့ကို မျက်လုံးအပြူးသားနဲ့ငေးစိုက်နေခဲ့သည်။

" ကိုယ်တော့မပူတော့ဘူးပဲ"

ခွန့်ရဲ့အပြုအမူဟာ မေမေပြုသမျှနုနေတဲ့
ကလေးလေးလိုပင်

ဒါကလည်း နဒီ့ကို ကြွေအောင်ချွေနိုင်သောအကြောင်းပြချက်ဖြစ်နေပြန်သည်။

ပုံမှန်အချိန်ဆို နဒီ့ရဲ့နှုတ်ခမ်းဖျားလေးတွေကို
ဇွတ်အတင်းရယူကာနမ်းရှိုက်လိုက်ချင်သည်။

သို့ပေမဲ့ နဒီဟာ face shield 1 ထပ် mask 2 ထပ်နဲ့မို့
လူချင်းတွေ့ရတာတောင်ကံကောင်းဖြစ်​၏။

" နဒီမေးစရာရှိလို့
ဒါတွေက ခွန့်ရဲ့ဆေးတွေလား"

နဒီထုတ်ပြသည့်ဆေးတွေသည် စိတ်ငြိမ်ဆေးတွေဖြစ်တာမို့သူမလုံမလဲဖြစ်သွားသည်။

" နှာစီးပျောက်ဆေးတွေပါ"

နဒီ့ကို မကြည့်ပဲ သူဖြေလိုက်သည်

"Darling မျက်လုံးတွေကညာရင်သိပ်သိသာတာပဲ"
လို့ပြောဖူးတဲ့တချိန်ကနဒီ့စကားတွေကိုကြားဖူးတာကြောင့်ဖြစ်​၏။

" အရူးလေး ဘာကိုနှာစီးပျောက်ဆေးလဲ
နဒီလည်းစာဖတ်တက်ပါတယ်နော်
နောက်ဆို ဘာတွေစိတ်ညစ်စရာပဲရှိရှိ
နဒီ့ကိုတိုင်ပင်ပါနော်
ဘာပဲလိုလို ခွန့်ဘေးမှာနဒီရှိနေပါ့မယ်"

I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)Donde viven las historias. Descúbrelo ahora