" ရှင်မသွားခင်ထိတော့ဒီမှာနေနှင့်ပေါ့
ရှေ့နေကိစ္စကတော့ ကျွန်မစီစဉ်ထားတယ်
မနက်ဖြန်ကျွန်မတို့ကွာရှင်းကြတာပေါ့"မေနဒီ့ စကားဟာ သူ့ကို အနုနည်းနဲ့ နှင်ချနေတာလား
နောက်ဆုံးအနေနဲ့ နှစ်သိမ့်အားပေးချင်တာလားသူမဝေခွဲနိုင်ပါ။ရေချိုးခန်းထဲမှထွက်လာကာစ မို့ထင်၏
မေနဒီ့ရဲ့ ဆံပင်လေးတွေဟာမခြောက်သေးကြိုးတစ်လုံး ဖဲဂါဝန်လေးသာဝတ်ထားတာမို့ ပုံမှန်ထက်ပိုပြီးနုနယ်သေးကွေးနေသလို
" ပြီးတော့ ထမင်းစားတော့မလား
ရှင်ကြိုက်တဲ့ ပုဇွန်တုန်ယမ်းဟင်းချက်ထားတယ်"ဆံပင်တွေဟာ မခြောက်သေးလို့
သဘက်နဲ့ခပ်ကြမ်းကြမ်းဆွဲပွတ်နေတဲ့သူမကို
သူဟာ ခပ်စေ့စေ့ကြည့်တယ်" ကို ဆံပင်တွေ မှုတ်ပေး ရမလား"
အသာအယာခေါင်းညိတ်ကာ နဒီဟာ
ဘာတစ်ခုမှမဖြစ်ခဲ့သလို...
သူ့ရှေ့လာထိုင်တယ်နောက်ကျောဘက်ကကြည့်ရင်နေရောင်အောက်မှာ
သူမရဲ့ပုခုံးသားလေးတွေဟာ တောက်ပနေခဲ့တယ်ပါးစပ်ကသာမုန်းတယ်ပြောနေတာ
တကယ်တမ်းနဒီ့ရဲ့အရာအားလုံးကို သူနှစ်သက်ခဲ့တာပဲမဟုတ်လား
" နဒီ ဆံပင်တွေညှပ်ချလိုက်တော့မယ်
Darling သွားရင် ဆံပင်မှုတ်ပေးမဲ့သူမရှိတော့ဘူးလေ"ဘာလို့များ သူမရဲ့စကားလုံးတွေဟာ သူ့ရင်ထဲကို လာနင့်စေရတာလဲ
သူ့ကို မုန်းတီးနေရာမှ သနားစေချင်နေတာလား
သက်ပြင်းချသံအချို့ကိုတော့ နဒီကြားမည်မထင်
ထမင်းစားပွဲပေါ်က နဒီချက်ထားတဲ့ ဟင်းလေးဟာ
အငွေ့တထောင်းထောင်းထနေသည်။
အစာအိမ်နဲ့ နှလုံးသားဟာ
တစ်ဆက်တည်းရှိနေတယ်ဆိုရင်
သူဟာ နဒီ့လက်ရာတွေကိုမေ့နိုင်မည်မထင်
သူ့ ပန်းကန်ထဲကိုထည့်ပေးတဲ့ ပုဇွန်ကို
သူသေသေချာချာ ငေးကြည့်နေမိသည်။
YOU ARE READING
I Divorced My Wife ( ကျွန်တော်ဒီမိန်းမကိုကွာရှင်းလိုက်ပြီ)
Romanceမေနဒီနဲ့ ထိုင်းနိုင်ငံသားလေး Naltapuk ကြားက လွဲခဲ့တဲ့ အမှားတွေကြား ဘယ်လိုပြင်ဆင်ကြမလဲ သိပ်ချစ်ခဲ့တယ်ဆိုပေမဲ့ အထင်လွဲမှားမှုတွေဟာ အဆမတန်ကြီးထွားလာတဲ့အခါ..... မေနဒီဆိုတာ The Mafia's Weakness Season 2 က side character လေးပါ ❤️