💙Part 12💙

795 53 2
                                    

Unicode

"မကြီး..."

"အင်း.."
ဟေမာန်စာအုပ်ကိုအကြည့်မပျက်ပဲဖြေလေသည်။

"မကြီးဘာတွေလုပ်နေတာလဲ..ဘာလို့ဟိုတစ်ယောက်ကိုသစ်ထူးရဲ့အမျိုးသားဆိုပြီးပြောရတာလဲ..."

"မြူ ငါလုပ်နေတာငါအသိဆုံးပဲ..နင်ဝင်မပါနဲ့..နင်မှတ်ထားရမှာကငါလုပ်နေတာတွေအားလုံးကငါ့တစ်ယောက်တည်းအတွက်မဟုတ်ဘူး..နင့်အတွက်ပါပါတယ်..."

"မြူ တို့လိုချင်တာရဖို့အတွက်..တခြားသူတွေရဲ့ဘဝကိုချနင်းတာတော့မဟုတ်သေးဘူးမကြီးရယ်...သစ်ထူးဘယ်လောက်သနားဖို့ကောင်းလဲ..ချစ်သူကမမှတ်မိတဲ့အပြင်မချစ်တဲ့သူနဲ့ပါအတူနေနေရတယ်..တကယ်ဆိုကလေးကဘာအပြစ်မှမရှိဘူးလေ..."

"သူ့မှာအပြစ်သိပ်ရှိတာပေါ့..ဟိန်းရဲ့အမျိုးသားဖြစ်နေတာကိုကသူရဲ့အပြစ်ပဲ..တော်ပြီမြူ ငါအိပ်တော့မယ်..မီးပိတ်လိုက်တော့.."
မြူ အမဖြစ်သူကိုကြည့်ပြီးသက်ပြင်းချမိသည်။မကြီးရဲ့စိတ်ထဲမှာလောဘတွေအတ္တတွေဖုံးလွှမ်းနေတော့ခုချိန်သူမပြောလဲနားဝင်တော့မည်မထင်။ရှေ့ဆက်ရမယ့်အခက်ခဲတွေကိုသစ်ထူးတစ်ယောက်ကောင်းကောင်းဖြတ်ကျော်နိုင်ပါစေလို့ပဲသူမဆုတောင်းပေးနိုင်တော့တယ်။

"သစ်ငါ့ကိုလိုက်ဖမ်း..."

"ဟီးရိုးမပြေးနဲ့တော့အဲ့နားမှာချောက်ရှိတယ်..."

"သစ်ငါ့ကိုလိုက်ဖမ်းပါဆို...အား!!!"

"ဟီးရိုး!!!!.."
ဟိန်းမင်းသစ်ဟီးရိုးလို့အော်ဟစ်ရင်းအိမ်မက်ကလန့်နိုးလာသည်။

သူမျက်နှာကိုလက်နဲ့ပွတ်သပ်ကာဆံပင်တွေကိုဆွဲဖွလိုက်သည်။နာရီကို​​ကြည့်မိတော့အချိန်ကားညတစ်နာရီပင်ထိုးနေပြီဖြစ်သည်။

"ဘာလို့..ဒီအိမ်မက်တွေပဲမက်နေရတာလဲကွာ..ဘာ​ကြောင့်လဲ​​ဒေါက်တာတော့သိလောက်မယ်ထင်တယ်.."
သူစားပွဲပေါ်ကဖုန်းကိုယူကာနံပါတ်တစ်ခုကိုနှိတ်လိုက်သည်။

"တူး..တူး..."

"ဟယ်လို..အမိန်ရှိပါရှင်..ဘဝသစ်စိတ်ကျန်းမာရေးကုဆေးရုံကပါ.."

"ကျွန်တော်ဟိန်းမင်းသစ်ပါ..ဒေါက်တာရဲအောင်ရှိလား..."

"‌‌ဪ..ကိုဟိန်းမင်းသစ်ကို..ဒေါက်တာမရှိဘူးရှင့်..နိုင်ငံခြားကကျန်းမားရေးဟောပြောပွဲကိုအဖိတ်ခံရလို့သွားတယ်..နှစ်လလောက်ကြာမယ်လို့ပြောတယ်ရှင့်..ကိုဟိန်းမင်းသစ်အရမ်းအရေးကြီးတယ်ဆိုရင်..ဒေါက်တာရဲ့အတွင်းရေးမှူးကိုဖုန်းခေါ်ကြည့်ပါလား.."

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now