💙Part 20💙

880 48 7
                                    

Unicode

သစ်ထူးရေချိုးခန်းထဲကထွက်လာတော့ရေချိုးခန်းရှေ့တန်းတွင်တင်ထားတဲ့အင်္ကျီနဲ့ဘောင်းဘီကြောင့်သူပြုံးမိသည်။

ဦးလေးကြီးကသူရှက်မှာစိုးလို့ထင်၊ခုလိုတင်သွားတာဖြစ်လိမ့်မည်။သူတန်းပေါ်ကအဝတ်စားကိုယူပြီးရေချိုးခန်းထဲပြန်ဝင်ကာဝတ်လိုက်သည်။

ရေချိုးခန်းထဲကထွက်လာတော့ဦးလေးကြီးရဲ့အရိပ်ယောင်ကိုမတွေ့၊အဲ့ဒီအစားရေချိုးခန်းမျက်နှာချင်းဆိုင်ကဟင်းနံထွက်လာတာကြောင့်မီးဖိုချောင်ဟုယူဆကာဝင်လာခဲ့သည်။

သူဝင်လိုက်တော့တွေ့လိုက်ရသည်ကအေပရွန်ဝတ်ကာတစ်ယောက်တည်းချက်ပြုတ်နေတဲ့ဦးလေးကြီး။

"ကျွန်တော်ဘာကူညီပေးရမလဲဟင် "

"ရပါတယ်ဗျာ ကောင်လေးကဟိုခုံမှာထိုင်စောင့်နေ "

ထမင်းစားပွဲဝိုင်းကိုမေးဆက်ကာပြောတာကြောင့်သူခေါင်းငြိမ့်ကာဝင်ထိုင်လိုက်သည်။
ထိုင်နေရင်းဦးလေးကြီးလုပ်သမျှကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေမိသည်။

အေပရွန်ဝတ်ကာဟင်းချက်နေတဲ့ဦးလေးကြီးပုံစံကဆွဲဆောင်မူရှိလွန်းသည်။ချက်နေတဲ့ပုံစံကမချက်တတ်ချက်တတ်ဖြင့်ချက်နေရတဲ့ပုံစံနှင့်မတူဘဲတကယ့်စားဖိုမှူးတစ်ယောက်လိုပင်။

သစ်လဲဒီလိုပုံစံမျိုးအေပရွန်ဝတ်လိုက်ရင်အရမ်းချောနေမှာလား၊သစ်ကဘယ်လိုနေနေချောပြီးသားလေ။စဉ်းစားကြည့်တော့သစ်ကဟင်းမှမချက်တတ်ပဲ၊မှတ်မိပါသေးတယ်သစ်ပြုတ်တဲ့ရေပေါလောခေါက်ဆွဲပြုတ်နဲ့မဲတူးနေတဲ့ကြက်ဥကြော်ကို၊အဲ့တုန်းကသစ်ငိုမှာဆိုး၍သူကြိတ်မှိတ်စားခဲ့ရသည်လေ။

အရင်အကြောင်းတွေပြန်တွေးမိတော့မျက်နှာထက်အပြုံးတွေဖြစ်ထွန်းလာသည်။သို့သော်ခဏပါပဲ၊ထိုအပြုံးတွေပျောက်ကွယ်သွားပြီဝမ်းနည်းမူခံပြင်းမူတွေကဝင်ရောက်လာပြန်သည်။

"ဟိတ် ကောင်လေး "

"ဗျ ဗျာ "

"ဘာတွေအဲ့လောက်တွေးနေလို့ပြုံးလိုက်မဲ့လိုက်ဖြစ်နေတာလဲ "

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now