💙Part 18💙

799 43 5
                                    

Unicode

"အကိုနာမည်ကိုသိလို့ရမလား "

"ကျွန်တော်နာမည်ကဇော်မျိုးပါ "

"ဟုတ်ကဲ့ ကျွန်တော်ကတော့ဟိန်းမင်းသစ်ပါ "

ဟင်ဟိန်းမင်းသစ်ဆိုပါလား ဒါဆိုသစ်ထူးရဲ့အမျိုးသားပေါ့ ဒါကြောင့်မြင်ဖူးပါတယ်လို့

"သစ်ထူးရောအဆင်ပြေလား "

"ဗျာ ဒီကအကိုကသစ်ထူးကိုသိတာလား "

"သစ်ထူးကကျုပ်သူငယ်ချင်းလေ "

"ဪ သစ်ထူးကကျွန်တော်အိမ်မှာအလုပ်လုပ်နေတာလေ သူအဆင်ပြေပါတယ်"

"ဟင် "
သစ်ထူးကအလုပ်သမားတဲ့လား၊ဇော်မျိုးသိချင်တာတွေမေးလိုက်ချင်ပေမဲ့သစ်ထူးနှင့်တွေ့မှမေးတော့မည်ဟုတွေးထားသည်။

"မကြီး ကျွန်တော်ကိုခေါ်တယ်ဆို "

"အေး ရော့ "
ဟုဆိုကာစားပွဲပေါ်ပိုက်ဆံသောင်းတန်တစ်အုပ်ပစ်တင်လိုက်သည်။

ရဲသွေး ဟေမာန်ကိုနားမလည်သလိုကြည့်ကာ

"ဒါက "

"အဲ့ဒီပိုက်ဆံတွေယူပြီးတော့မင်းရွာပြန်တော့ "

"ဗျာ မကြီးဘယ်လိုပြောလိုက်တာလဲ ကျွန်တော်ဘာအမှားလုပ်မိလို့လဲ "

"ရဲသွေး ငါမင်းကိုခေါ်လာတာသစ်ထူးရဲ့ယောက်ကျားလုပ်ဖို့ ငါ့ညီမ‌ရဲ့ယောက်ကျားလုပ်ဖို့မဟုတ်ဘူး "

"ကျွန်တော်တောင်းပန်ပါတယ်မကြီးရယ် ကျွန်တော်မြူကိုတကယ်ချစ်တာပါဗျာ "

"တိတ်စမ်း မင်းလိုအဆင့်တန်းမျိုးကငါညီမကိုမှန်းချင်သေးတာလား ကဲပါရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့တော့ မြူပြန်မလာခင်မင်းဒီအိမ်ကအမြန်ထွက်သွားတော့ "

ရဲသွေးမျက်ဝန်းအိမ်၌မျက်ရည်များဝဲကာငိုချင်တာကိုအားတင်းထားနေရသည်။ယောက်ကျားတန်မဲ့မငိုသင့်ဘူးဆိုတာသိပေမဲ့အချစ်နဲ့ပက်သက်လာရင်ယောက်ကျားအရင့်အမာကြီးတွေလဲနူးညံသွားတတ်ကြတာပဲမလား။

သူကျဆင်းချင်နေတဲ့မျက်ရည်တွေကိုအသာသုတ်ပြီး

"ကောင်းပါပြီ ကျွန်တော်ထွက်သွားပါ့မယ် ပြီးတော့ဒီပိုက်ဆံတွေကိုခင်ဗျားရဲ့နှုတ်ခမ်းနီဖိုးအတွက်သာသုံးလိုက်ပါ "
ဟုပြောကာလှည့်ထွက်သွားလေသည်။ကျန်ခဲ့တဲ့ဟေမာန်ကတော့ဒေါသထွက်ကာအံတကြိတ်ကြိတ်ဖြစ်နေသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now