💙Part 26💙

756 54 1
                                    

Unicode

"ဘာ ဘာလုပ်တာလဲ "

"ဘာလုပ်မယ်ထင်လို့လဲမောင့်သည်းငယ်ရဲ့ "

"သစ် ဘယ်လိုတွေပြောနေတာလဲ ငါကြက်သီးတောင်ထလာပြီ "

"ဟာဗျာ မောင့်သည်းငယ်ကမရိုလိုက်တာ "

မျက်နှာမဲ့ကာပြောလာတဲ့ဟိန်းကြောင့်သစ်ထူးပျာယာခတ်သွားသည်။သူဆိုသည်မှာလည်း ဟိန်းမျက်နှာတစ်ချက်ပျက်တာနဲ့ကမ္ဘာပျက်နေသူမဟုတ်ပေလား ။

"ငါ ငါတောင်းပန်ပါတယ်နော် "

"ဟင် သည်းငယ်ကဘာလို့တောင်းပန်နေရတာလဲ "

"မသိဘူးလေ "

"ဟား ဟား ဟား သည်းငယ်ရာဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲကွာ "
ဟိန်းပြောတာလဲမလွန်ပေ။မျက်လုံးလေးပြူးကာအူတူတူပုံစံဖြင့်ဟိန်းကိုကြည့်နေသည်မှာချစ်စဖွယ်အတိ။

ထိုစဉ်

"Beez Beez "

သစ်ထူးဘောင်းဘီအိတ်ကပ်ထဲကဖုန်းသံကြောင့် ဟိန်း‌ပေါင်ပေါ်ကဆင်းဖို့ပြင်လိုက်ပေမဲ့ ဟိန်း သစ်ထူးခါးကိုဆွဲကာချုပ်ထားလိုက်သည်။

"ဖုန်းလာနေတယ်လေ သစ်ရယ်ခဏလွှတ်ပါအုံး "

"မရဘူး ဒီအတိုင်းပြော ပြီးတော့speakerဖွင့်ပြော "

"ဒါကငါ့ရဲ့ကိုယ်ရေးကိုယ်တာလေ ကလေးမဆန်ပါနဲ့ "

ဟု‌သူပြောပြီးအိတ်ကပ်ထဲကဖုန်းကိုယူကာကိုင်လိုက်သည်။

"ဟယ်လို ဦးလေးကြီး "

"ကောင်လေး အဆင်ပြေရဲ့လား ရဲသွေးပြောပြလို့ကိုယ်အားလုံးသိပြီးပြီ "

ဦးလေးကြီးအပြောကြောင့် သူ့ခါးကိုဖက်ထားတဲ့ဟိန်းရဲ့လက်ကိုကြည့်မိသည်။

"ကောင်လေး ဟယ်လို! "

"ဟုတ်ကဲ့ အားလုံးအဆင်ပြေပါတယ် ကျွန်တော်နောက်မှပြန်ဆက်လိုက်မယ်နော် "

"Ok ဒါဆိုဒါပဲနော် "

"ဟုတ် "

ဖုန်းချပြီး ဟိန်းကိုကြည့်မိတော့လန့်သွားရသည်။အဘယ်ကြောင့်ဆိုသော် နှုတ်ခမ်းဆူကာ သူ့ကိုမကျေနပ်သလိုစိုက်ကြည့်နေသောကြောင့်ဖြစ်သည်။ဟိန်းရဲ့ခုပုံစံက အရင်ကပုံစံလေးကိုတောင်သတိရမိသွားသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now