💙 Part 25💙

801 51 8
                                    

Unicode

"ကောင်လေး ဆောက်လုပ်ရေးရောက်ပြီ "
သူကျသင့်ငွေကိုပေးပြီး အသက်မဲ့သူပမာကားပေါ်ကဆင်းလာသည်။မျက်လုံးလေးတွေလဲငိုရလွန်းလို့ထင် မို့အစ်နေသည်။ခေါင်းထဲတွင်လည်းသစ်သာတစ်ခုခုဖြစ်သွားရင်ဆိုတဲ့စိတ်ကကြီးစိုးနေသည်။

"အီးဟီးးး ဟင့် ရွှတ် "
ဆောက်လုပ်ရေးရှေ့တွင်ပဲထိုင်ချကာအသံထွက်ငိုမိတော့သည်။

"ကျွီ "
ထိုစဉ်သစ်ထူးဘေးထိုးရပ်လိုက်တဲ့ကားတစ်စီး။

"သစ်ထူး "

ဟိန်းရဲ့အသံကြောင့် သစ်ထူးငိုနေရင်းမှမော့ကြည့်မိသည်။

"သစ် "
သစ်ထူးထရပ်ကာဟိန်းခါးကိုဖက်တွယ်၊ဟိန်းရင်ဖက်ထက်မျက်နှာအပ်ကာငိုမိသည်။

"အီးဟီး သစ်တစ်ခုခုဖြစ်သွားပြီထင်နေတာ ဟင့် ရွှတ် "

ဟိန်း သူ့ကိုဖက်ထားတဲ့သစ်ထူးခန္ဓာကိုယ်ကိုခွာစေကာပုခုံးကိုဆုပ်ကိုင်ပြီး

"ကိုယ့်ကိုကြည့် ကိုယ်ဘာမှမဖြစ်ပါဘူး "

"ဟင့် ဒါမဲ့သစ်အော်သံငါကြားလိုက်တယ်လေ "

"ဪ အဲ့ဒါလား နောက်ကကားဝင်ဆောင့်လို့လေ ကိုယ်လက်နဲနဲထိသွားတယ် "

သစ်ထူးကြည့်မိတော့ သစ်ရဲ့လက်ကပက်တီးအဖွေးသား။

"တော်သေးတယ် ကိုယ့်ကားကဘရိတ်လုံးဝမမိဘူး နောက်ကကားသာဝင်မဆောင့်ရင် မလွယ်ဘူး  ဒါနဲ့မင်းက ကိုယ်တစ်ခုခုဖြစ်မှာကိုကြိုသိနေတာလား "

"ဟင် ဪ သစ်ဘာမှမဖြစ်တော့ဘူးဆိုလဲ ငါ့ကိုကုမ္ပဏီပြန်ပို့ပေးပါလား

"ကောင်းပြီလေ "

သူတို့နှစ်ဦးစလုံးကားပေါ်တတ်ကာထိုနေရာမှထွက်ခွာသွားလေသည်။

သစ်ထူးကားမောင်းနေတဲ့ဟိန်းကိုတွေတွေလေးကြည့်နေမိသည်။သစ်လက်ကဒဏ်ရာကိုမြင်တော့အံကြိတ်ကာလက်သီးကိုကျစ်နေအောင်ဆုပ်ထားသည်။

သစ်ကိုဒီလိုလုပ်တဲ့သူတွေအားလုံးကိုသူခွင့်မလွှတ်ပါ။သူတို့လုပ်ရပ်အတွက်သူတို့ပြန်ခံရမယ်။

"သစ်ထူး ရောက်ပြီဆင်းရအောင် "

သစ်ထူးခေါင်းငြိမ့်ပြကာကားပေါ်ကဆင်းလိုက်သည်။သူတို့ကုမ္ပဏီထဲဝင်လာတာတွေ့တော့ ရဲသွေးနဲ့ဇော်မျိုးကသူတို့နားကိုပြေးလာလေသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now