💙 Part 23💙

704 45 1
                                    

[Unicode]

သစ်ထူးတို့ဆေးရုံရောက်တော့ကောင်တာတွင်အခန်းနံပါတ်မေးပြီး အခန်းရှိရာကိုထွက်လာခဲ့ကြသည်။

မေမေကိုထားတဲ့အခန်းရှေ့ရောက်တော့ သူအသက်ဝဝရှူကာဝင်လာခဲ့သည်။ကုတင်ပေါ်တွင်ဆေးပိုက်ပေါင်းများစွာနဲ့အသက်ရှူနေရသည့် မေမေ့ကိုကြည့်ပြီးသူစိတ်မကောင်းပေ။

သစ်ထူးကုတင်ဘေးကခုံတွင်ထိုင်ကာဆေးပိုက်တွယ်ထားတဲ့မေမေ့ရဲ့လက်ကိုဆုပ်ကိုင်လိုက်သည်။

"ခုမှ လာဖြစ်တဲ့အတွက် သားတောင်းပန်ပါတယ် မေမေအမြန်ဆုံးသတိရလာပါတော့နော် သစ်နားမှာမေမေရှိမှဖြစ်မယ် "

သူပြောရင်းမျက်ရည်တွေစီးကျလာ၏။မေမေလက်ပေါ်မျက်နှာအပ်ကာငိုကြွေးမိသည်။ရဲသွေးနဲ့ရာဇာလဲ သစ်ထူးကိုကြည့်ပြီး စိတ်မကောင်းကြပေ။

သူမျက်ရည်များကိုသုတ်လိုက်ပြီးထရပ်ကာ

"ပြန်ခွင့်ပြုပါအုံးမေမေ နောက်နေ့မှမေမေကြိုက်တဲ့ပန်းဝယ်ပြီး ထပ်လာခဲ့ပါ့မယ် "

သူတို့ဆေးရုံကထွက်ပြီးကားဆီကိုပြန်လာခဲ့သည်။

"ဦးလေးကြီး ကျွန်တော်ဦးလေးကြီးအိမ်ကိုမလိုက်တော့ဘူး "

"ဘာလို့လဲ "

"ရန်သူရဲ့အားနည်းချက်ကို သိချင်ရင်အနားမှာနေပြီးလေ့လာသင့်တယ်မလား "

သစ်ထူးရဲ့စကားကြောင့်ရာဇာပြုံးမိသွားသည်။သစ်ထူးကသူထင်ထားတာထက် ပိုပြီးထက်မြက်လွန်းသည်။

"ကောင်းပြီလေ "

ရာဇာကားကိုဆေးရုံကနေဟိန်းမင်းသစ်တို့အိမ်ကိုမောင်းလာခဲ့သည်။

"ပွမ်း ပွမ်း "

ရာဇာကားဟွမ်းတီးတော့ခြံစောင့်ဦးလေးကြီးကပြေးဖွင့်ပေးလေသည်။

သူလဲကားကိုအိမ်ရှေ့ထိရောက်အောင်မောင်းဝင်လိုက်သည်။

ဟိန်းဧည့်ခန်းထဲမှာထိုင်နေရင်းကားဟွမ်းတီးသံကြောင့်ထွက်ကြည့်မိသည်။ကားပေါ်ကဆင်းလာတဲ့သူကြောင့် ဟိန်း‌မသိမသာပြုံးမိသွားသည်။ပျော်လဲပျော်သွားသည်။သို့ပေမဲ့ မျက်နှာကိုပြန်တည်ကာ

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now