💙Part 13💙

796 51 4
                                    

Unicode

"ဟိတ်..ဟိုတစ်ယောက်လာအုံး.."
သစ်ထူးခြံထဲတံမြက်စည်းလှဲနေတုန်းတံခါးဝကနေလက်ယှက်ကာခေါ်လာတဲ့ဧည်သည်မိန်းကလေးကြောင့်သူတံမြက်စည်းကိုကိုင်ထားရင်းနှင့်ပင်သူမဆီသို့ပြေးသွားလိုက်သည်။

"မမလေး..ဘာခိုင်းစရာရှိလို့လဲဟင်..."

"ငါဗိုက်ဆာလို့..အဲ့ဒါငါ့ကိုမြို့ထဲကဟော့ပေါ့သွားဝယ်ပေး.."

"ဟို..ကျွန်တော်ကလေဒီနားဟိုနားပဲသွားတတ်တာဗျ..မြိုထဲကိုတော့မသွားတတ်ဘူး..ဒီလိုလုပ်ပါလား..မမလေးစားချင်တယ်ဆိုရင်..လမ်းထိပ်ကဆိုင်မှာကျွန်တော်သွားဝယ်ပေးမယ်..သစ်ဆိုအဲ့ဆိုင်ကဟော့ပေါ့အရမ်းကြိုက်တာ.."

"သစ်..ဟိန်းကိုပြောတာလား.."

"ဟုတ်တယ်လေမမလေးရဲ့.."

"အဟွန်း..မင်းလိုအလုပ်သမားက..ဟိန်းကိုနာမည်တပ်ခေါ်ခွင့်ရှိလို့လား.."

"ဗျာ.."

"မဗျာနဲ့..နောက်တစ်ခါဟိန်းကိုအကိုလေးလို့ခေါ်ရမယ်.."

"ဒါမဲ့..မကြီးတို့‌တောင်ဘာမှမပြော.."

"အေး..မကြီးတို့ကမပြောပေမဲ့..ငါပြောတယ်နောက်ဆိုငါကဒီအိမ်ကြီးရဲ့အရှင်သခင်မဖြစ်လာမှာ..ငါပြောတဲ့အတိုင်းသာလုပ်..ကြားလား.."

"ဟုတ်ကဲ့မမလေး.."
ဒေါက်ဖိနပ်သံတစ်ဂွက်ဂွက်မြည်အောင်နင်းကာထွက်သွားတဲ့အမျိုးသမီးကိုကြည့်ပြီးသစ်ထူးအံကြိတ်ထားမိသည်။မကြီးပြောတာကိုသူသည်းခံနိုင်ပေမဲ့တခြားသူစိမ်းအမျိုးသမီးကပြောတာကိုတော့သူလက်မခံနိုင်ပါ။သူသည်ပညာမတတ်ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်ပေမဲ့မာနတော့ရှိပါသည်။
စိတ်ထဲတွင်လဲ

*သည်းခံလိုက်သစ်ထူး..သူကသစ်ရဲ့ချစ်သူမလား..*
တကယ်လို့သူသာပြန်ပြောရင်ပြဿနာတွေဖြစ်တော့မှာဒီလိုဆိုဟိန်းစိတ်ညစ်ရမှာသူမလိုလားပါ။

ကုမ္ပဏီရုံးခန်းထဲ၌

ဟိန်းမင်းသစ်စုံလည်ထိုင်ခုံတွင်ထိုင်ကာအပြင်ဘက်ကိုမျက်နှာမူပြီးအတွေးလွန်နေသည်။

"Boss..boss.....boss!!!.."
ထိုသို့အော်လိုက်မှသာဟိန်းသတိဝင်ကာထိုင်ခုံကိုပြန်လှည့်ပြီးပြောဆိုတဲ့သဘောဖြင့်မေးဆက်ပြလိုက်သည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now