💙Part 28💙

852 55 5
                                    

Unicode

"တောက် "
ဆောင်းဟေမာန်တစ်ယောက် ရုံခန်းထဲတွင်ဒေါသူပုန်ထနေလေရဲ့။

"သူဌေး ဘာဖြစ်လာတာလဲ "

"ဖြန်း!! "

ဟေမာန် မြတ်သူရဲ့ပါးကိုရိုက်ချလိုက်သည်။

"သူဌေး ကျွန်တော်ဘာလုပ်မိလို့လဲ "

"ဘာလုပ်မိလို့လဲ ဟုတ်လား မင်းကိုဟိုတောသားလုပ်ထားတဲ့ စာရင်းဖိုင်တွေကိုဖျက်စီးခိုင်းလိုက်တယ် မဟုတ်ဘူးလား "

"ကျွန်တော် အမှိုက်ပုံးထဲကိုသေချာပစ်ထည့်လိုက်တာပါ "

"အရူးကောင် အမှိုက်ပုံးထဲထည့်ရလား တစ်ခါတည်းမီးရှို့ဖျက်စီးပစ်လိုက်ပါလား အမြဲတမ်း ငါ့ကိုငါ နိုင်ပြီလို့ထင်ထားခဲ့တာ တကယ်တည်းရှုံးတာကငါဖြစ်နေတယ် "

ဆောင်းဟေမာန်ဆိုဖာပေါ် အရုပ်ကြိုးပျက်ထိုင်ချကာဆိုလေသည်။

"ကျွန်တော်တောင်းပန်ပါတယ်သူဌေး သစ်ထူးလွင်ကိုအရှက်ကွဲမယ့် အစီစဉ်ကျွန်တော့်မှာရှိတယ် "

ဆောင်းဟေမာန် မြတ်သူကိုမော့ကြည့်လိုက်တော့ မြတ်သူကကောက်ကျစ်တဲ့အပြုံးပြုံးကာ ခေါင်းညိတ်ပြသည်။

~~~~~~~~~~~~~~~~~~~~~~~~

ဒီနေ့ကရုံးပိတ်ရက်ဖြစ်သည့်အတွက် ဆောင်းဟေမာန်ကလွဲ၍တခြားသူတွေအားလုံး မုန့်လုပ်စားကြသည်။

မြူနဲ့ရဲသွေးကမီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်နေကြသည်။ဧည့်ခန်းထဲတွင်တော့ သစ်ထူး၊ဟိန်းနှင့်ဇော်မျိုးကTVကြည့်နေကြသည်။

"သစ် ငါသွားတော့မယ် "
သစ်ထူးဆိုတော့ ဟိန်းမျက်နှာငယ်လေးဖြင့် သစ်ထူးလက်ကိုဆုပ်ကိုင်ကာ

"မသွားလို့ မရဘူးလားဟင် မောင်သည်းငယ်နဲ့မခွဲနိုင်ဘူး "

"မရဘူးလေသစ်ရယ် ငါမသွားရင် ငါတို့နှစ်ယောက်လုံးခံစားရမှာ ခဏပါပဲသစ်ရယ် "

"ဟင့်အင်း မသွားပါနဲ့သည်းငယ်ရယ် မောင့်ကိုသနားပါ "

"သစ်ရယ် "

"ရော့ဟေ့ ရော့ဒီမှာ တကယ်တည်းမှပဲ ငါရှေ့ကအားလူကြော်ထုပ်လေးလာယူဖို့ကို မသိရင် ရေခြားမြေခြားခွဲရတော့မယ့်ပုံစံလုပ်နေကြတယ် အမြင်ကိုကပ်တယ် သောက်အတွဲတွေ "
ဟုပြောကာ မျက်နှာမဲ့ရွဲပြီး သူနေရာသူပြန်ထိုင်ကာTVကြည့်လေသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now