💙Part 27💙

787 46 0
                                    

Unicode

"အင်းးးး အမေ့ "

သစ်ထူးအကြောဆန့်ကာအိပ်ရာနိုးလာတော့ ကုတင်ဘေးတွင်မေးထောက်ကြည့်နေတဲ့ဟိန်းကြောင့် လန့်ကာအမေတောင်တမိသည်။

"နိုးပြီလား သည်းငယ် "

"သစ် ဘယ်လိုလုပ်အခန်းထဲရောက်နေတာလဲ ငါလော့ချထားပါတယ် "

"မေ့နေတာလား မောင့်သည်းငယ်ရဲ့ မောင်မှာဒီတစ်အိမ်လုံးရဲ့သော့အပိုတွေရှိတယ်လေ "

"ဟုတ်သားပဲ ဒါနဲ့သစ်ကအစောကြီးငါ့အခန်းထဲဘာလာလုပ်တာလဲ "

"မောင့်သည်းငယ်ရဲ့ မနက်ခင်းအိပ်ရာထပုံစံလေးကိုမှတ်တမ်းတင်ချင်လို့လေ "

"ငါအိပ်နေတာကို ဓာတ်ပုံရိုက်ပြန်ပြီလား "

"ဟီးးးး "

သွားတွေအားလုံးပေါ်တဲ့အထိ ပြုံးပြနေတဲ့ဟိန်းကြောင့် သစ်ထူးလည်းပြုံးမိပါသည်။

"မွ "

"သစ်!!! ငါသွားမတိုက်ရသေးဘူး "

နှုတ်ခမ်းကိုလာနမ်းတဲ့ဟိန်းကြောင့် သစ်ထူးထိုသို့ပြောတော့ ဟိန်းကုတင်ပေါ်တတ်ကာ သစ်ထူးကိုယ်လေးကိုရင်ခွင်ထဲထည့်ပြီး

"ချစ်လို့လေမောင့်သည်းငယ်ရဲ့ ဘယ်ချိန်ကစပြီး မောင်သည်းငယ်ကိုချစ်မိလဲမသိတော့ဘူး မောင်သိတဲ့အချိန် သည်းငယ်ကမောင်နှလုံးသားရဲ့ဟိုးးးးအနက်ရှိုင်းဆုံးထိနေရာယူနေပြီ "

စကားတတ်လွန်းတဲ့ဟိန်းကြောင့် ဟိန်းရင်ခွင်ထဲကနေသစ်ထူးပြုံးရပြန်သည်။

"ဪ မေ့နေတာ မောင်ပေးစရာရှိတယ် "
ဟုဆိုကာ ဘောင်းဘီအိတ်ကပ်ထဲက ဘာတွေထုတ်နေမှန်းမသိ။

"ဒါလေး "

သစ်ထူးမျက်စိရှေ့မြင်နေရတဲ့ ဆွဲကြိုးလေးကိုကြည့်လိုက်ဟိန်းကိုကြည့်လိုက်ဖြင့် မျက်ရည်တွေပင်ဝဲလာရသည်။

"ဒါ ငါ့အတွက်လား "

"ဒါပေါ့ လာမောင်ဝတ်ပေးမယ် "

ဟုဆိုကာ ထရပ်ပြီး သစ်ထူးလည်ပင်းပေါ်၌ဝတ်ဆင်ပေးလိုက်သည်။သစ်ထူးဆွဲကြိုးလေးကိုကိုင်ကာ ပြုံးမိသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now