💙Part 24💙

726 40 1
                                    

[Unicode]

"ဒေါက် ဒေါက် "

အပြင်ကတံခါးခေါက်သံကြောင့် သစ်ထူးလန့်နိုးလာသည်။စားပွဲပေါ်ကနာရီကိုကြည့်မိတော့   ၆နာရီထိုးနေပြီဖြစ်သည်။ညကအတွေးလွန်နေတာနဲ့ အိပ်တာနောက်ကျသွားသည်။

"ဒေါက် ဒေါက် "

အပြင်က အဆက်မပြတ်တံခါးခေါက်သံကြောင့် သူကုတင်ပေါ်ကဆင်းကာ တံခါးဖွင့်ပေးလိုက်သည်။

"ဪ ဇော်မျိုး "

"ဘာတွေဖြစ်ကုန်တာလဲ သစ်ထူး ငါကြားခဲ့တဲ့သတင်းတွေကအမှန်တွေပဲလား "

"အင်း "

"မင်းဘာတွေလျှောက်လုပ်နေတာလဲ မင်းဒီလိုလုပ်တာကမင်းနဲ့ဟိန်းမင်းသစ်ပိုဝေးသွားနိုင်တာမင်းမသိဘူးလား "

"ငါ့မှာရွေးချယ်စရာမရှိဘူး‌ "

"ဟင်းးး မင်းစိတ်ထဲဘာတွေတွေးနေလဲငါမသိတော့ဘူး ဒါမဲ့လိုအပ်ရင်ပြော ငါအမြဲရှိတယ် "

"ကျေးဇူးတင်ပါတယ်ကွာ "

"ငါသွားပြီ "

"အင်း ဪ တန်းလျားမှာရဲသွေးလဲရှိတယ် မင်းတို့နှစ်ယောက်သတ်မနေကြနဲ့အုံး "

"အေးပါ ငါသိပါတယ် "

ဇော်မျိုးထွက်သွားတော့မှ သစ်ထူးအခန်းတံခါးပိတ်ကာအခန်းထဲဝင်လာခဲ့သည်။

ဟိန်းအားလုံးပြင်ဆင်ပြီးအောက်ထပ်ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲဝင်တော့ မလတ်ကမနက်စာပြင်နေသည်။သစ်ထူးကိုတော့မတွေ့ရသေးပင်။

"ဘယ်သူကိုရှာနေတာလဲဟိန်း မဟုတ်မှသစ်ထူးကိုလား "

ဟိန်း သစ်ထူးကိုရှာနေမှန်း သူခိုးလူမိသလိုဖြစ်သွားတာကြောင့် သူထမင်းစားပွဲဝိုင်းတွင်ဝင်ထိုင်ကာ

"ကျွန်တော်က သူကိုဘာလို့ရှာရမှာလဲ မတွေ့ရရင်ပိုတောင်ကောင်းသေးတယ် "

ထမင်းစားခန်းရှေ့ အထဲမဝင်သေးပဲရပ်နေတဲ့သစ်ထူး။ဟိန်းရဲ့"မတွေ့ရရင်ပိုကောင်းသေးတယ်"ဆိုတဲ့စကားကြောင့် သစ်ထူးရင်အစုံဟာနာကျင်သွားရသည်။သို့ပေမဲ့ နာကျင်မူကိုဖုံးဖိကာ မျက်နှာထက်ဟန်ဆောင်အပြုံးကိုတပ်ဆင်ပြီး ထမင်းစားခန်းထဲကိုဝင်လာခဲ့သည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now