💙Part 15💙

890 48 0
                                    

Unicode

သတိုသားနှင့်သတိုးသမီးသစ္စာဆိုလက်စွပ်လဲပြီးသည်နှင့်အခမ်းနားပြီးစီးကြောင်းကြေငြာလေသည်။

မင်္ဂလာပွဲပြီးတာကြောင့်ပြန်တဲ့သူကပြန်ကုန်ကြပေမဲ့ရဲသွေးတစ်ယောက်မပြန်နိုင်သေးပါ။အဘယ်ကြောင့်ဆိုသော်သူချစ်ရတဲ့အမျိုးသမီးလေးကသတိုးသမီးနဲ့တွဲကာဓာတ်ပုံရိုက်နေတယ်လေ။

မင်္ဂလာပွဲတစ်ခုမှာအလှဆုံးကသတိုသမီးတဲ့။ဒါပေမဲ့သူအတွက်တော့မြူဆိုတဲ့မိန်းကလေးကအားလုံးထက်ပိုပြီးလှတယ်လို့သူထင်မိသည်။

"ကိုရဲ ပြီးပြီးပြန်ရအောင်  "
ရဲသွေးခေါင်းငြိမ့်ပြကာသူတို့နှစ်ယောက်ကားရပ်ထားတဲ့နေရာဆီထွက်လာခဲ့သည်။

"အ့ "
လျှောက်နေရင်းရုတ်တရက်ခြေထောက်ခေါက်သွားကာလဲကျမလိုဖြစ်သွားတဲ့မြူကိုယ်လုံးလေးကိုရဲသွေးအသာဖမ်းထိန်းလိုက်သည်။

"ရရဲ့လား "

"ဟုတ်ရပါတယ် အ့ "

"ဘာရတာလဲ ‌ကျွန်တော်ကြည့်ပေးမယ် "
ဟုဆိုကာမြူရှေ့ဒူးတစ်ဖက်ထောက်ချလိုက်သည်။

"ယောင်သွားတာပဲ ကားထဲမှာဆေးရှိတယ် မြူကားနားထိလျှောက်နိုင်လား "

"ဟုတ်ကိုရဲ မြူလျှောက်နိုင်ပါတယ် "

"လာကျွန်တော်ထိန်းပေးမယ် "
ရဲသွေး မြူခန္ဓာကိုယ်ကိုထိန်းကာကားဆီသို့ခေါ်လာခဲ့သည်။

ကားပေါ်တွင်

"မြူခြေထောက် ခုံပေါ်တင်လိုက်နော် ကျွန်တော်ဆေးလိမ်းပေးမယ် "

"အို မဟုတ်တာ မြူငရဲကြီးနေပါ့မယ် မြူဘာသာလိမ်းပါ့မယ် "

"ကျွန်တော်ခွင့်လွှတ်ရင် မြူငရဲမကြီးပါဘူး ကဲပါခြေထောက်တင်လိုက် "
မြူလဲဆက်မပြောတော့ပဲသူမခြေထောက်ကိုခုံပေါ်အသာတင်လိုက်သည်။

မြူ သူခြေထောက်ကိုတစ်ယုတစ်ယဆေးလိမ်းပေးနေတဲ့ကိုရဲကိုကြည့်ပြီးသူမပြုံးနေမိသည်။

"ရပြီ အိမ်ရောက်ရင်ပတ်တီးစည်းလိုက်နော် "

"ကျေးဇူး ကိုရဲ "

သူမပြောတာတောင်ပြန်မဖြေပဲအချိန်အတော်ကြာသူမကိုစိုက်ကြည့်နေတဲ့ကိုရဲကြောင့်သူမရှက်လာမိသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now