Unicode
နောက်နှစ်ရက်နေရင်ဟိန်းမွေးနေ့ရောက်တော့မှာမို့သစ်ထူးခြံထဲကအပင်အောက်တွင်ထိုင်ကာ ဟိန်းကိုလက်ဆောင်ပေးဖို့သိုးမွေးအနွေးထည်လေးထိုးနေသည်။မကြာခင်မိုးရာသီရောက်တော့မှာဆိုတော့ဟိန်းအတွက်အသုံးဝင်လိမ့်မယ်လို့သူထင်မိသည်။
ရွာထဲကအဒေါ်ကြီးတွေ၏သင်ကြားမူကြောင့်သူသိုးမွေးထိုးတာနှင့်ထမင်းဟင်းကိုကောင်းကောင်းချက်တတ်သည်။ပြီးတော့တခြားသူတွေလိုဈေးကြီးတာမျိုးလဲသူဝယ်မပေးနိုင်ဘူးလေ။ထိုကြောင့်သူတတ်စွမ်းတဲ့ပညာလေးနဲ့အမှတ်တရအဖြစ်ပေးချင်မိသည်။
"သစ်ထူး "
"ဟင် ရဲသွေး ဒီနေ့ကားမောင်းမသွားရဘူးလား "
"အင်း မြူကဒီနေ့သွားစရာမရှိဘူးလေ အဲ့ဒါကြောင့်ငါလဲနားနေတာ "
"ဪ "
ရဲသွေးကမမမြူနဲ့ချစ်နေတဲ့အကြောင်းသူကိုပြောထားသည့်အတွက်အရင်လိုရဲသွေးကိုသူမရှောင်ဖြစ်တော့ပါ။ရဲသွေးလိုကောင်ကိုမမမြူနဲ့သဘောမတူချင်ပေမဲ့မမမြူကချစ်နေတာဆိုတော့သူဘာပြောနိုင်မှာလဲ။
"ဒါနဲ့ ဒါကဘယ်သူအတွက်လဲ ငါ့အတွက်တော့မဟုတ်ဘူးမလား "
"မင်းသေရင်တော့ မင်းဝတ်ဖို့ထိုးပေးမယ် "
"မင်းကလေ ငါကိုဆိုအကောင်းကိုမပြောဘူး "
"မင်းကိုခုလိုစကားပြောနေတာကိုပဲကျေးဇူးတင် "
"ဟားဟား ဟုတ်ပါပြီကွာ ကျေးဇူးတင်လွန်းလို့ဖက်တောင်နမ်းချင်သွားတယ် "
"ဘာကွ "
"စတာ စတာ မင်းကလဲစိတ်ကြီးပဲ "
သစ်ပင်အောက်မှာရီမောနေတဲ့သစ်ထူးနှင့်ရဲသွေးကိုကြည့်ပြီးဟိန်းလက်သီးကိုကျစ်နေအောင်ဆုပ် ကားပေါ်တတ်ပြီးကုမ္ပဏီကိုမောင်းထွက်လာခဲ့သည်။
ကုမ္ပဏီတွင်
"သန္တာ မြတ်သူလာရင်ကိုယ့်ဆီကိုလွှတ်ပေးနော် "
"ဟုတ်ကဲ့ boss "
သူပြောပြီးရုံးခန်းထဲကိုဝင်လာခဲ့သည်။
"ဒေါက် ဒေါက် ဒေါက် "
"ဝင်ခဲ့ "
သူအသံပြုလိုက်သည်နှင့်မြတ်သူကတံခါးဖွင့်ကာဝင်လာလေသည်။
YOU ARE READING
ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)
Romanceမတူညီတဲ့နေရာနှစ်ခုကကောင်လေးနှစ်ယောက်၏တွေဆုံမူကနေအချစ်တွေဘယ်လိုဖြစ်ပေါ်လာမလဲ။ ဖြစ်ပေါ်လာတဲ့အချစ်ကရောသာယာဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာ Start Date: 3.9.2021 End Date : 23.3.2022