💙Part 17💙

743 52 3
                                    

Unicode

"သစ်ထူး ခြေထောက်ထိသွားတယ်ဆို "
အခန်းထဲကိုဝင်ကာရဲသွေးမေးလာ၏

"နဲနဲခြေခေါက်သွားရုံပါ ဘာမှမဖြစ်ပါဘူး "

"ဘာကိုဘာမှမဖြစ်တာလဲ "
အခန်းဝကနေမြူပြောတော့နှစ်ယောက်လုံးမြူဆီအကြည့်ရောက်မိကြသည်။

"မမ "

"ဆေးမလိမ်းထားဘူးမလား ထင်တယ်အဲ့ဒါကြောင့်မမကိုယ်တိုင်လာလိမ်းပေးတာ "

"မနက်ကဒေါက်တာလိမ်းပေးထားပါတယ် "

"မနက်ကလိမ်းတာလေ အခုထပ်လိမ်းရမှာပေါ့ "

"ကိုယ်လိမ်းပေးလိုက်မယ်မြူ ဆေးဗူးပေး "

"နေပါကိုရဲရယ် မြူပဲလိမ်းပေးပါ့မယ် "

"အမလေး ကိုယ်ဘာသာပဲလိမ်းပါတော့မယ်ဗျာ မဟုတ်ရင်ရဲသွေးမျက်စောင်းကြီးကျွန်တော်ကိုထိုးမိတော့မယ် ဟားဟား "

"ဟားဟား "

သစ်ထူးရဲ့စကားကြောင့်သူတို့အားလုံးရီမိကြသည်။အခန်းလေးထဲတွင်လူသုံးယောက်စနောက်ရင်းရီမောနေကြသည်။

အခန်းပြင်တွင်တော့ဟိန်းတစ်ယောက်ပရုတ်ဆီဗူးကိုကိုင်ကာရပ်နေမိသည်။အခန်းထဲကရီမောသံတွေကြောင့်သူဝင်မသွားတော့ပဲလှည့်ထွက်လာခဲ့သည်။

~~~~~~~~~~~~~

"မကြီးကျွန်တော်ဈေးသွားတော့မယ် မှာစရာရှိသေးလား "

"မရှိတော့ဘူး ဈေးစာရင်းထဲမှာရေးထားတာတွေသာရအောင်ဝယ်ခဲ့ "
သူမလက်သည်းနီဆိုးမပျက်ပြန်ဖြေလေသည်။

သစ်ထူးဈေး‌ခြင်းတောင်းယူကာဈေးကိုထွက်လာခဲ့သည်။

"ပွမ်း ပွမ်း "
ဘေးနားကပ်ကာဟွန်းတီးလာတဲ့ကားကြောင့်သူငုံကြည့်မိတော့ဦးလေးကြီးဖြစ်နေသည်။

"ဈေးသွားတော့မှာလား "

"ဟုတ်ဦးလေးကြီး "

"လိုက်ပို့ပေးမယ် ကားပေါ်တတ် "

"ရပါတယ် ‌"

"မင်းတတ်မလားကိုယ်ချီခေါ်ရမလား "

တကယ်လုပ်တော့မယ့်ပုံစံဖြင့်ပြောလာတဲ့ဦးလေးကြီးကြောင့်သူကားပေါ်တတ်လိုက်ရသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now