💙Part 32💙

720 44 0
                                    

Unicode

ဟိန်းပြန်မလာသေးတဲ့အတွက် သစ်ထူးခြံထဲတွင်ဟိုလျှောက်ဒီလျှောက် လျှောက်နေရင်းစောင့်နေလေသည်။ တချက်တချက် ခြံဝကိုလည်းလှမ်းကြည့်ရသေးသည်။

"သစ်ထူး "
မြူ သစ်ထူးရှိရာကို‌ေလျှာက်လာလေသည်။

"ဟိန်းပြန်မလာသေးဘူးလား "

"ဟုတ်တယ်မမ မေမေရောအိပ်သွားပြီလား "

"အင်း ဆေးကအိပ်ဆေးပါတယ်ထင်တယ် မမစိတ်တိုင်းကျဆိုရင် မေမေ့ကိုဆေးရုံမှာပ‌ဲထားချင်တာ "

"မေမေလည်းဆေးရုံမှာနေရတာ မွန်းကြပ်မှာပေါ့ "

"ကဲ မမလည်းသွားအိပ်တော့မယ် သစ်ထူးပဲဆက်စောင့်လိုက်တော့နော် "

"ဟုတ်ကဲ့မမ "

မြူ သစ်ထူးခေါင်းကိုအသာပုတ်ပြီး အိမ်ထဲဝင်သွားလေသည်။ သစ်ထူး ဒန်းပေါ်တွင်ထိုင်ကာ ဟိန်းကိုဆက်စောင့်နေသည်။

"ပွမ်း ပွမ်း "
ကားဟွမ်းသံကြောင့် ခြံစောင့်ဦးလေးကြီးကပြေးသွားကာ တံခါးဖွင့်ပေးလေသည်။ ကားကပေါ်တီကိုအောက်ကို မောင်းဝင်လာပြီး ကားပေါ်မှဟိန်း မျက်နှာမကောင်းစွာဆင်းလာသည်။ သစ်ထူးစိုးရိမ်သွားကာ ဟိန်းဆီပြေးသွားလေသည်။

"သစ်ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား "
ဟိန်း သစ်ထူးကိုမော့ကြည့်လာကာ

"မောင်အားလုံးကို သိခဲ့ပြီသည်းငယ် "

"သစ်ကဘာကိုသိတာလဲ "

"မကြီးရော "

"အထဲမှာလေ အယ် သစ် "
အိမ်ထဲ ဒုန်းစိုင်းဝင်သွားတဲ့ဟိန်းကြောင့် သစ်ထူးနောက်ကပြေးလိုက်ရပြန်သည်။ ဟိန်းအပေါ်ထပ်ကိုတတ်လာကာ ဆောင်းဟေမာန်အခန်းဆီသွားပြီး

"ဒုန်း ဒုန်း မကြီးထွက်လာခဲ့ "
ဟိန်းတံခါးထုသံနဲ့အော်သံကြောင့် တစ်ဖက်ခန်းမှမြူပါထွက်လာလေသည်။

"ဟိန်း ဘာဖြစ်နေတာလဲ "
ဟိန်း ဘာမှပြန်မဖြေဘဲ တံခါးကိုသာထုနေလေသည်။

"ချလပ် ဟိန်းဘာဖြစ်.. ဟိန်းဘာလုပ်တာလဲ "

ဟိန်း ဆောင်းဟေမာန်လက်ကိုဆွဲကာ အောက်ထပ်ကိုခေါ်သွားလေသည်။ သစ်ထူးနဲ့မြူလည်း နောက်ကနေလိုက်လာခဲ့ကြသည်။ လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားတာကြောင့် ဟေမာန်နာကျင်လာရသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now