💙Part 21💙

762 49 2
                                    

Unicode

"ဒါ ဒါက "

"မကြီးသိပ်လိုချင်နေတဲ့သေတမ်းစာလေ "

"သစ်ထူး ငါမင်းကိုသိပ်ရိုးသားတယ်ထင်ခဲ့တာ မင်းကငါထင်ထားတာထက်တောင်ကောက်ကျစ်ပါလား "

"ဘာ ငါကကောက်ကျစ်တယ် ဒီလောက်သက်သေတွေခိုင်မာနေတာတောင်သစ်ကငါ့ကိုမယုံဘူးလား "

"ဒီလိုစာရွက်တစ်ရွက်ပေါ်ကအကြောင်းရာတစ်ခုတည်းနဲ့ငါကမင်းကိုယုံရမှာလား "

ဟိန်းပြောလိုက်တဲ့စကားကြောင့်သစ်ထူးမျက်ရည်ပင်ဝဲလာရသည်။သို့သော်သူအံကြိတ်ကာမျက်ရည်မကျအောင်ထိန်းလိုက်သည်။ဒီချိန်မှာသူငိုလို့မဖြစ်ဘူးလေ၊သူကြံ့ခိုင်ရမယ်၊သစ်ကိုကာကွယ်ပေးနိုင်ဖို့အတွက်သူပျော့ညံလို့မဖြစ်ဘူး။

"သစ်ငါကိုယုံချင်လဲရတယ် မယုံချင်လဲရတယ် ငါစိတ်မဝင်စားဘူး ငါစိတ်ဝင်စားတာကငါရသင့်ရထိုက်တဲ့ပိုင်ဆိုင်မူတွေ ဖေဖေရဲ့ပိုင်ဆိုင်မူတွေအားလုံးကိုငါတစ်ဝက်ပိုင်တယ် အဲ့ဒါသစ်ငြင်းလို့မရဘူး "

"နှစ်ရက်တည်းနဲ့မင်းဘာလို့ဒီလောက်ပြောင်းလဲသွားရတာလဲ "

သစ်ထူးဟေမာန်နဲ့ချောကလျာကိုစောင်းငဲ့ကြည့်ကာနှုတ်ခမ်းထက်မဲ့ပြုံးတစ်ခုကိုတပ်ဆင်ထားသည်။

"တချို့လူတွေရဲ့ကောင်းမူကြောင့်လေ "

သစ်ထူးဆောင်းဟေမာန်နားကိုလျှောက်လာခဲ့သည်။

"နည်းနည်းလောက်ဘေးဖယ်ပေးလို့ရမလားမကြီး "

သစ်ထူးပြုံးကာပြောလိုက်တော့သူမသစ်ထူးကိုမျက်စောင်းထိုးကာဖယ်ပေးလိုက်သည်။သစ်ထူးမိုက်ရှေ့တွင်ရပ်လိုက်ပြီး

"အားလုံးကိုအသိပေးစရာလေးရှိလို့ပါ ကျွန်တော်ကဟိန်းမင်းသစ်ရဲ့ယောင်္ကျားဆိုတာအားလုံးသိလောက်ပြီပေါ့ ဆိုတော့မနက်ဖြန်ကစပြီး ကုမ္ပဏီမှာကျွန်တော်အလုပ်စလုပ်တော့မှာဖြစ်တဲ့အတွက် ကူညီပေးကြပါအုံးနော် ပွဲကပြီးပြီဖြစ်တဲ့အတွက်ပြန်လို့ရပါပြီဗျာ "

ပွဲလာသူများလဲတစ်ယောက်တစ်ပေါက်ပြောဆိုကာပြန်သွားကြလေသည်။ဧည့်သည်တွေအားလုံးပြန်သွားမှဆောင်းဟေမာန်သစ်ထူးလက်ကိုဆွဲကာပါးရိုက်ဖို့အပြင်၊သစ်ထူးလျှင်မြန်စွာပင်ဟေမာန်လက်ကိုသူ့လက်ဖြင့်ချုပ်ကိုင်လိုက်သည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now