💙Part 29💙

727 44 15
                                    

Unicode

ဟိန်းနဲ့သစ်ထူးရေမိုးချိုးပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။

‌ဧည့်ခန်းထဲရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးအတောင့်လိုက်တတ်ချင်သွားသည်။

အကြောင်းကား ရဲသွေးနဲ့ဇော်မျိုးတို့ပိုးလို့ပက်လက်အိပ်နေခြင်းကြောင့်ဖြစ်သည်။

သစ်ထူး အိပ်နေတဲ့နှစ်ယောက်ကိုကြည့်ပြီးခေါင်းခါမိသည်။သူ့ဘေးမှာရပ်နေတဲ့ဟိန်းကိုအားနာသလိုကြည့်ကာ

"ငါ့သူငယ်ချင်းတွေအစား ငါကပဲတောင်းပန်ပါတယ်နော် "

"တောင်းပန်စရာမလိုပါဘူး သည်းငယ်ရဲ့ "

"ဟော့ သစ်ထူးတို့နိုးနေကြပြီလား "

နောက်ကမမမြူအသံကြောင့် သူတို့နှစ်ယောက်လုံးမမမြူကိုလှည့်ကြည့်လိုက်ကြသည်။

မမမြူကသူတို့အနားကိုလျှောက်လာပြီး ဧည့်ခန်းထဲမှာအိပ်နေတဲ့နှစ်ယောက်ကိုကြည့်ပြီးပြုံးကာ

"ညကနှစ်ယောက်လုံးမူးပြီးမှောက်သွားတာလေ ဟိန်းတို့ရုံးသွားရင်သွားလိုက်ကြလေ မမသူတို့ကိုနှိုးပြီးလွှတ်လိုက်မယ် "

"အဲ့ဒါဆို ဒီနှစ်ယောက်ကိုမမဆီအပ်ထားခဲ့မယ်နော် "

"ကောင်းပါပြီရှင့် "

သစ်ထူးနဲ့ဟိန်း မြူကိုနှုတ်ဆက်ပြီး ဟိန်းကိုယ်တိုင်ကားမောင်းကာ ကုမ္ပဏီကိုထွက်လာခဲ့ကြသည်။

ကားပေါ်တွင်

သစ်ထူးတစ်ယောက် ကားမှန်ကတစ်ဆင့်အပြင်ဘက်ကလှုပ်ရှားသွားလာမူများကိုလိုက်ကြည့်နေမိသည်။

"သည်းငယ် သည်းငယ် "

ဟိန်း သူခေါ်နေတာကိုမကြားတဲ့သည်းငယ်ကြောင့် သည်းငယ်ရဲ့လက်မောင်းကိုလှုပ်ကာ

"သည်းငယ်!! "

"ဟင် သစ်ခေါ်လိုက်တာလား "

"ဘာတွေအဲ့လောက်တောင်တွေးနေလို့ မောင်ခေါ်တာကိုမကြားရတာလဲ မှန်မှန်ပြောနော်ဘယ်သူ့အကြောင်းတွေးနေတာလဲ "

"ဘယ်သူ့အကြောင်းမှမတွေးပါဘူး ငါမှာတွေးစရာလူဆိုလို့သစ်ပဲရှိတာလေ "

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now