Unicode
"သစ် ငါကိုဘယ်ခေါ်သွားနေတာလဲ "
"တစ်နေရာရာပေါ့ မောင့်သည်းငယ်ရဲ့ "
"အဲ့တစ်နေရာကဘယ်နေရာလဲလို့ ငါမေးနေတာလေ "
"လျှိုဝှက်ချက်ပါဆို "
"တကယ်မပြောဘူးပေါ့ "
သစ်ထူး စိုက်ကြည့်ကာပြောတော့ ဟိန်းရယ်ပြကာ ခေါင်းခါပြလေသည်။ သစ်ထူး ဟိန်းဘေးနားကိုတိုးသွားကာ ဟိန်းလက်မောင်းကိုချိတ်ပြီး"မောင်~~"
"ဗျာ "
"အခုဘယ်သွားနေတာလဲပြောပြနော် "
ချွဲပြစ်တဲ့အသံဖြင့်ပြောလာတဲ့သစ်ထူးကြောင့် ဟိန်းအရည်ပျော်ချင်လာသော်လည်း သည်းငယ်ကိုစပရိုက်ဖြစ်စေချင်တာကြောင့် စိတ်ကိုတင်းထားကာ ခေါင်းခါပြလိုက်သည်။ ဟိန်းကလုံးဝမပြောတာကြောင့် သစ်ထူးစိတ်ဆိုးသွားကာ ဆက်မပြောတော့ဘဲ နှာမှုတ်ပြီး တံခါးဘက်ကိုလှည့်သွားလေသည်။ ဟိန်းလည်းကားကိုသာဂရုစိုက်မောင်းလိုက်လေသည်။ သစ်ထူးအပြင်ကရှူခင်းတွေကိုငေးနေရင်း မျက်လုံးတွေမှေးစင်းလာတာကြောင့် နောက်ကိုမှီကာ မှေးနေလိုက်သည်။ပါးပြင်ပေါ်သို့ ကျရောက်လာတဲ့လေအေးလေးကြောင့် သစ်ထူးနိုးလာသည်။ မျက်လုံးဖွင့်ကာကြည့်မိတော့ သူရောက်နေတာကအခန်းတစ်ခန်းထဲတွင်ဖြစ်သည်။ သူ အခန်းပတ်ပတ်လည်ကိုကြည့်ပြီး ကုတင်ပေါ်ကဆင်းကာ ဝရန်တာဘက်ကိုထွက်လာခဲ့သည်။ ဝရန်တာကိုထွက်လာတော့ မြင်လိုက်ရသည်က ပင်လယ်ပြင်ကြီးနဲ့လှပတဲ့ရှူခင်းလေးတွေကြောင့် သစ်ထူးသဘောကျကာပြုံးမိသည်။ မျက်နှာပေါ်သို့တိုက်ခိုက်လာတဲ့ ပင်လယ်လေကိုမျက်လုံးလေးမှတ်ကာခံယူနေမိသည်။ ခါးဆီသို့ရစ်တွယ်လာတဲ့လက်နှစ်ဖက်နဲ့အတူ ရနေကျကိုယ်သင်းနံလေးကြောင့် သစ်ထူးနှုတ်မှ
"မောင် "
"အင်း ဘယ်လိုလဲ မောင်ခေါ်လာတဲ့နေရာကိုသဘောကျရဲ့လားဟင်"
"သဘောကျတာထက်ပိုတယ် အရမ်းလှတာပဲပင်လယ်ကြီးက "
"သည်းငယ်ကပိုလှတယ် "
"ပေါက်ပေါက်ရှာရှာမောင်ရယ် ငါကယောင်္ကျားလေးလေ ဘယ်လိုလုပ်လှမှာလဲ "
YOU ARE READING
ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)
Romanceမတူညီတဲ့နေရာနှစ်ခုကကောင်လေးနှစ်ယောက်၏တွေဆုံမူကနေအချစ်တွေဘယ်လိုဖြစ်ပေါ်လာမလဲ။ ဖြစ်ပေါ်လာတဲ့အချစ်ကရောသာယာဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာ Start Date: 3.9.2021 End Date : 23.3.2022