💙Part 30💙

674 43 7
                                    

Unicode

ဟိန်း ဝိုင်ခွက်ကိုစားပွဲပေါ်တင်ပြီး ဟိုတယ်ထဲကိုဝင်လာခဲ့သည်။

"ဒုန်း!!! "

တံခါးကိုတွန်းဖွင့်လိုက်တာကြောင့် အသံကဟိန်းခနဲ။သစ်ထူးရော သစ်ထူးကိုနမ်းနေတဲ့အမျိုးသမီးပါ ဟိန်းဆီအကြည့်ရောက်လာသည်။

"သစ် ဟို ဟို.. "

ဟိန်း သူ့အပေါ်ဝတ်အင်္ကျီကိုချွတ်ကာ အဝတ်မဲ့နေတဲ့သစ်ထူးပေါ်သို့လွှားပေးလိုက်သည်။

"သစ် ငါရှင်းပြပါရစေ "

ဟိန်း သစ်ထူးကိုပြုံးပြကာ သစ်ထူးရဲ့ခေါင်းလေးကိုဖွဖွလေးပုတ်ပြီး

"မောင်သည်းငယ်ကိုယုံတယ် "

ဟိန်းရဲ့'မောင်သည်းငယ်ကိုယုံတယ်'ဆိုတဲ့စကားကြောင့်သစ်ထူးမျက်ရည်ပင်လည်မိသည်။

"ဒီမှာအမိ မင်းဘာအကြံစည်နဲ့အခုလိုလုပ်လဲမသိပေမဲ့ မင်းလူရွေးမှားသွားပြီ ဘာလို့လဲဆို ငါသည်းငယ်အပေါ်ထားတဲ့ယုံကြည်မူ့ကမင်းတို့ထင်ထားတာထက်နက်ရှိုင်းနေလို့ပဲ "

ဟိန်းသူမကိုပြောပြီး သစ်ထူးဘက်ကိုပြန်လှည့်ကာ

"အိမ်ပြန်ကြရအောင် "
ဟုဆိုကာ သစ်ထူးခန္ဓာကိုယ်လေးကိုဟိန်းပွေ့ချီလိုက်တော့ သစ်ထူးလန့်ကာဟိန်းလည်ပင်းကိုသိုင်းဖက်ထားမိသည်။

"ငါ ငါ လမ်းလျှောက်နိုင်ပါတယ် "

"အသံမထွက်ဘဲငြိမ်ငြိမ်လေးလိုက်ခဲ့ မောင်စိတ်သိပ်ကြည်တာမဟုတ်ဘူးနော် "

ဟိန်းမာန်လိုက်တော့မှ ကြောင်ပေါက်လေးလိုငြိမ်သက်သွားကာ ဟိန်းရင်ဖက်ပေါ်မျက်နှာအပ်ထားလေသည်။

ဟိန်းသစ်ထူးကိုပွေ့ချီကာ လူအုပ်ကြီးကိုကျော်လွန်ပြီးကားပါကင်ကိုထွက်လာခဲ့သည်။

ပွဲထဲကဆောင်းဟေမာန်ကတော့ထွက်သွားတဲ့ဟိန်းတို့ကိုကြည့်ပြီး အံကြိတ်ကာလက်သီးကိုကျစ်နေအောင်ဆုပ်ထားလေသည်။

ကားပေါ်တွင်ဟိန်းစကားတစ်ခွန်းမှမပြောဘဲ ကားကိုသာမောင်းနေသည်။ဟိန်းကဘာစကားမှမပြောဘဲတိတ်ဆိတ်နေတာကြောင့် သစ်ထူးလန့်ပင်လန့်လာရသည်။

ကျွန်တော်ယောက်ကျားအမျိုးကောင်းသား(Complete)Where stories live. Discover now